DVB Logo
Home
မြန်မာသတင်း
မဖြူဖြူသင်း​အ​ကြောင်း​ ဘဝရုပ်ပုံလွှာကို စာ​ပေစိစစ်​ရေး​က ခွင့်​မပြု
DVB
·
May 21, 2012
မဖြူဖြူသင်း​အ​ကြောင်း​ ဘဝရုပ်ပုံလွှာကို စာ​ပေစိစစ်​ရေး​က ခွင့်​မပြု
Donate to DVB

ဧပြီလ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ မင်္ဂလာ​တောင်ညွန့်​မြို့​နယ်က​နေ ​ရွေး​ကောက်ခံရတဲ့​ လွှတ်​တော်အမတ် ​ဒေါ်ဖြူဖြူသင်း​ရဲ့​ ဘဝရုပ်ပုံလွှာ ​ဆောင်း​ပါး​ကို စာ​ပေစိစစ်​ရေး​က ခွင့်​မပြုတာ​ကြောင့်​ ဂျာနယ်မှာ ​ဖော်ပြခွင့်​မရဘူး​လို့​ သိရပါတယ်။

[caption id="attachment_25655" align="alignleft" width="300" caption="္မမြ​ဖြှူ​ဖြှူ​သင်း​"][/caption]

ဆောင်း​ပါး​ရှင် ​မောင်ကိုကို (အမရပူရ)က ​ရေး​သား​တဲ့​ ​ဆောင်း​ပါး​ကို First Weekly ဂျာနယ်မှာ ​ဖော်ပြဖို့​ လွန်ခဲ့​တဲ့​ နှစ်ပတ်​ကျော်ကတည်း​ စီစဉ်ခဲ့​ပေမယ့်​ စိစစ်​ရေး​က ခွင့်​မပြုခဲ့​ကြောင်း​ ဂျာနယ်တာဝန်ခံ ကို​အောင်စိုး​သူက ​ပြောပါတယ်။

“အဲဒီစာမူကို ​ခေတ္တဆိုင်း​ထား​ပါဆိုတဲ့​ ညွှန်ကြား​ချက်​ပေါ့​။ ဆရာ ဦး​ကိုကို (အမရပူရ) ကလည်း​ ခပ်စွာစွာ​လေး​ရေး​ထား​တာ ဆို​တော့​ သူက ဒါကို ခဏ ဆိုင်း​ထား​ပါဦး​ ဆိုပြီး​တော့​ ညွှန်ကြား​ချက်လာတာပဲဗျ။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင် ​ဒေါ်ဖြူဖြူသင်း​ဟာ လွန်ခဲ့​တဲ့​ ၁၀ နှစ်အတွင်း​ အိပ်ခ်ျအိုင်ဗွီ/​အေအိုင်ဒီအက်စ် ကျန်း​မာ​ရေး​ ​စောင့်​ရှောက်မှုလုပ်ငန်း​တွေ လုပ်ကိုင်​နေစဉ် အာဏာပိုင်​တွေရဲ့​ အ​နှောင့်​အယှက်မျိုး​စုံကို ကြုံခဲ့​ရသလို၊​ ကာလတခု ဖမ်း​ဆီး​ချုပ်​နှောင်ခံရတာ​တွေ၊​ ထွက်​ပြေး​တိမ်း​ရှောင်ခဲ့​ရပါတယ်။

ဆောင်း​ပါး​ရှင် ​မောင်ကိုကို (အမရပူရ)က​တော့​ သူ့​ဆောင်း​ပါး​ကို စိစစ်​ရေး​က ခွင့်​မပြုတာနဲ့​ ပတ်သက်လို့​ အခုလို​ပြောပါတယ်။

“​အော်ပီကျယ်၊​ ​ကေ​အေတီ၊​ ဆရာ​မောင်​ပေါ်ထွန်း​၊​ ကို​နေဝင်း​၊​ ကိုရဲလွင်၊​ ခင်​မောင်ရင်၊​ ကို​နေမျိုး​စေသဖြင့်​ profile ​တွေပဲ ကိုင်တာ။ အနုပညာရှင်​တွေက​တော့​ ပြဿနာမရှိဘူး​။ နိုင်ငံ​ရေး​မှာ မဖြူဖြူသင်း​ကို စပြီး​ကိုင်ကြည့်​တာ။ ကျ​နော်​ရေး​တာက ပြည့်​စုံ​အောင် ​ရေး​လိုက်တာ ဆိုင်း​ငံဆိုပြီး​ လုပ်ပစ်လိုက်တယ်။ နိုင်ငံ​ရေး​အရ နာမည်ကြီး​တဲ့​သူ​တွေ ကျ​နော်တို့​က လုပ်ဖို့​ ရှိတာကို။ ​ရှေ့​ဆက်ပြီး​ ဆက်လုပ်ဖို့​ နည်း​နည်း​ ခက်သွား​တာ​ပေါ့​။ ကျ​နော်တို့​ရေး​တာက ဘဝ​တွေကို ပြည့်​စုံ​အောင် ​ရေး​ရတာကို။ ကိုမင်း​ကိုနိုင်တို့​ စသဖြင့်​ပေါ့​ ကျ​နော်က ​ရေး​ဖို့​ အစီအစဉ်ရှိတယ်​လေ။”

သောကြာ​နေ့​တိုင်း​ တပတ်တခါထုတ်​နေတဲ့​ First Weekly ဂျာနယ်မှာ အရင်တုန်း​ကလည်း​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကိုဂျင်မီရဲ့​ စစ်​ကြော​ရေး​ကာလ အ​တွေ့​အကြုံ အ​ကြောင်း​ပါဝင်တဲ့​ ကျ​နော်နှင့်​ နိုင်ငံ​ရေး​ အခန်း​ဆက် ​ဆောင်း​ပါး​ကို စိစစ်​ရေး​က ခွင့်​မပြုတာ ဖြစ်ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ကိုဂျင်မီကိုယ်တိုင် စာ​ပေ စစ်စစ်​ရေး​ ဒု - ညွှန်ချုပ် ဦး​တင့်​ဆွေနဲ့​ ​ဆွေး​နွေး​ပြီး​တဲ့​နောက်မှာ​တော့​ အခု​နောက်ဆုံး​ထုတ် ဂျာနယ်မှာ ပြန်လည်​ဖော်ပြခွင့်​ ပြုလိုက်တယ်လို့​ ကိုဂျင်မီက ​ပြောပြပါတယ်။

“စစ်​ကြော​ရေး​ကာလမှာ ကျ​နော် ကြုံရတဲ့​ အ​ခြေအ​နေ​လေး​တခု လွတ်လပ်မှု ဆိုတဲ့​ဟာက ချုပ်​နှောင်ခံရတဲ့​သူကမှ ပိုနား​လည်တာဗျ။ အလင်း​တဲ့​ တန်ဖိုး​ကို မျက်စိကန်း​ဖူး​တဲ့​သူကမှ ပိုနား​လည်တယ်ဗျ။ အဲဒီ​တော့​ ကျ​နော် စစ်​ကြော​ရေး​ ​ရောက်တဲ့​ကာလမှာ ကျ​နော့်​ကို လက်ထိပ်​နောက်ပြန်ခတ်တယ်။ မျက်စိကို ပိတ်စည်း​ထား​တယ်။ အ​မှောင်ခန်း​ထဲကို ထည့်​ထား​တယ်။ အဲဒီ​နောက် လက်ထိတ်​နောက်ပြန်က​နေ ​ရှေ့​ကိုခတ်တဲ့​ အ​ခြေအ​နေ​ရောက်တယ်။ အဲဒီလို အ​တွေ့​အကြုံမှာ ကျ​နော်ရဲ့​ စိတ်ခံစား​ချက်​လေး​တွေ​ပေါ့​။ ကျ​နော့်​မှာ ဘာအာဃာတမှ မထား​ဘူး​။ သင်ခန်း​စာယူနိုင်​အောင် တချိန်က ဆိုး​ခဲ့​တဲ့​ အတိတ်​တွေဟာ ဒီ​ခေတ်မှာ​တော့​ တဖြည်း​ဖြည်း​ ​လျော့​ပါး​လာပြီ။ ​နောက်ဆိုရင် တဖြည်း​ဖြည်း​နဲ့​ ​ပျောက်ကွယ်ရမယ့်​ အ​ခြေအ​နေ​ပေါ့​။ အဲဒီကာလ​တွေတုန်း​က လွတ်လပ်ခြင်း​ဆိုတာကို ဘယ်လို သတ်မှတ်ခဲ့​ရတယ်​ပေါ့​။ အဲဒါမျိုး​ပါပဲ။ အဲ​တော့​ ပွင့်​ပွင့်​လင်း​လင်း​ပြောရရင် စာစစ်မှူး​တွေကလည်း​ ပထမဆုံး​ အ​တွေ့​အကြုံဆို​တော့​ ဒါကို ခွင့်​မပြုတာလား​ မသိဘူး​။ ​သေချာပြန်ဖတ်ကြည့်​မှ ​တော်​တော်​ပြေပြစ်ပါတယ်။ ​ပေး​မယ်ဆို ​ပေး​လို့​ရပါတယ်။ ဒါက​တော့​ အဆင့်​လည်း​ ကွာမှာ​ပေါ့​နော်။”

ဒေါ်ဖြူဖြူသင်း​ရဲ့​ ဘဝ​ကောက်​ကြောင်း​ ​ဆောင်း​ပါး​ကို​တော့​ ​ဖော်ပြခွင့်​ရ​အောင် ​နောက်တကြိမ် ထပ်ကြိုး​စား​ဦး​မယ်လို့​ First Weekly ဂျာနယ် တာဝန်ခံ ကို​အောင်စိုး​သူက ​ပြောပါတယ်။

ဒီအ​တောအတွင်း​မှာ ပြန်ကြား​ရေး​ဝန်ကြီး​ဌာနလက်​အောက်ခံ၊​ စာ​ပေစိစစ်နှင့်​ မှတ်ပုံတင်ဌာန ဒုတိယညွှန်ကြား​ရေး​မှူး​ချုပ် ဦး​တင့်​ဆွေက​တော့​ လာမယ့်​ ဇွန်လက စတင်ပြီး​ စာ​ပေအမျိုး​အစား​အား​လုံး​ စာ​ပေစိစစ်​ရေး​က​နေ ကင်း​လွတ်ခွင့်​ ​ပေး​တော့​မှာ ဖြစ်တဲ့​အ​ကြောင်း​ တရား​ဝင် ​ပြောဆိုထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013