စင်ကာပူတွင် တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့် အိမ်အကူအမျိုးသမီး ဈာပန ကျင်းပ
DVB
·
March 3, 2018

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေဲ့ မနက် ၆ နာရီ အချိန်လောက် စင်ကာပူနိုင်ငံမှာ ၁၂ ထပ် အမြင့်တိုက်ပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ အိမ်အကူ လိုင်နိတ်ကိမ်း (ခေါ်) ကိန်းကိန်း ရဲ့ ဈာပနအခမ်းအနားကို စင်ကာပူနိုင်ငံရောက် မြန်မာအသိုင်းအ၀ိုင်းက မတ်လ ၂ ရက်နေ့ ညနေ ၃ နာရီက ပြုလုပ်ပေးခဲ့ပါတယ်။
ဒါ့အပြင် တမူးမြို့နေအိမ်မှာလည်း ကျန်ရစ်သူမိသားစုက ဆုတောင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
အဲဒီ သေဆုံးမှုနဲ့ ပတ်သက်ပြီး ကျန်ရစ်သူမိသားစုကတော့ ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံပြီး ခုန်ချခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူး၊ မသေခင်တရက်က သူ့အမျိုးသားကို ၄ ရက်နေ့ ငွေလွှဲပေးမယ်၊ သမီးကြီး အသက် ၁၃ နှစ်ပြည့် မွေးနေလုပ်ပေးဖို့ ငွေပို့ပေးမယ်ဆိုပြီး ပြောဆိုခဲ့သေးတယ်လို့ ကိန်းကိန်းရဲ့ ခင်ပွန်း ကိုနေဇာလင်းက ဆိုပါတယ်။
ဒါ့အပြင် မတ်လ ၁၁ ရက်နေ့ ပြန်လာမှာဖြစ်လို့ ရန်ကုန်မှာ သွားကြိုဖို့တောင် စီစဉ်နေကြတယ်လို့ ပြောပါတယ်။