DVB Logo
Home
မြန်မာသတင်း
ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန် ​မြေ​လျော်​ကြေး​ကိစ္စတွင် ​ခေါင်း​ပုံဖြတ်မှုများ​ရှိ​နေ
DVB
·
May 21, 2012
ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန် ​မြေ​လျော်​ကြေး​ကိစ္စတွင် ​ခေါင်း​ပုံဖြတ်မှုများ​ရှိ​နေ
1 / 2
Donate to DVB

မြန်မာပြည်​တောင်ဘက်အခြမ်း​က ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန် စီမံကိန်း​ဒေသမှာ အခုအခါ ​ဆောက်လုပ်​ရေး​လုပ်ငန်း​တွေ လုပ်​နေပြီး​ ​မြေ​လျော်​ကြေး​ကိစ္စမှာ ​ဒေသခံ​တွေ ​ခေါင်း​ပုံဖြတ်ခံ​နေရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

စီမံကိန်း​ထဲမှာ ပါဝင်​နေတဲ့​ ​မြေ​နေရာ​တွေကို ​လျော်​ကြေး​ပေး​တဲ့​အခါမှာ အာဏာပိုင်​တွေဟာ အမှန်တကယ် ​ဒေသခံ​တွေ ရသင့်​တဲ့​ ​လျော်​ကြေး​ကို မ​ပေး​ဘဲ ခြိမ်း​ခြောက်၊​ အကျပ်ကိုင်တာ​တွေကို လုပ်ပြီး​ ကြား​ထဲက ဖြတ်ယူ​နေတယ်လို့​ ဆိုပါတယ်။

နဘုလယ်​ကျေး​ရွာ အုပ်စုထဲမှာပါတဲ့​ ပုဝါ​ကျေး​ရွာ ​ဒေသခံတဦး​က “​မြေ​တွေကို သူတို့​က​ပေး​တဲ့​ ​ငွေ လက်မခံဘူး​ဆိုရင်လည်း​ သိမ်း​မယ်လို့​ ရွာလူကြီး​နဲ့​ သူတို့​က ​ပြောတယ်ဗျ။ ကျ​နော်တို့​ရွာကလူ​တွေကလည်း​ အ​တွေ့​အကြုံမရှိ​တော့​ လက်မှတ်ထိုး​လိုက်တယ်။ သူတို့​ပေး​ချင်သ​လောက်​ပေး​ဆိုပြီး​တော့​ပေါ့​။ အဲဒီလိုမျိုး​ ခံစား​နေရတဲ့​သူ​တွေ ကျ​နော်တို့​ရွာမှာ အများ​ကြီး​ပါပဲ။”

[caption id="attachment_25659" align="alignleft" width="300" caption="ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း တနေရာ"][/caption]

ရေနက်ဆိပ်ကမ်း​စီမံကိန်း​ ဧရိယာအတွင်း​ တနင်္သာရီတိုင်း​ ​ရေဖြူနဲ့​ ​လောင်း​လုံမြို့​နယ် အတွင်း​က ရွာ ၁၉ ရွာက လူ​ပေါင်း​ ၃ ​သောင်း​ကျော် ​ရွှေ့​ပြောင်း​ပေး​ရဖွယ် ရှိပါတယ်။

အဲဒီရွာသား​တွေထဲက တချို့​ကို ပုဝါ​ကျေး​ရွာမှာ ပြန်လည်​နေရာချဖို့​အတွက် အခုအခါမှာ စက်ယန္တရား​တွေနဲ့​ ​မြေရှင်း​တာ၊​ အိမ်​ဆောက်တာ​တွေကို လွန်ခဲ့​တဲ့​ ၆ လ​လောက်ကတည်း​က လုပ်​နေတယ်လို့​ အဲဒီ ​ဒေသခံက ​ပြောပါတယ်။

အခုအချိန်အထိ အဲဒီရွာမှာ ​မြေဧက ၅၀-၆၀ ​လောက်ကို ​လျော်​ကြေး​တွေ ​ဈေး​အမျိုး​မျိုး​နဲ့​ ​ပေး​နေတယ်လို့​ ပုဝါရွာသား​က ​ပြောပါတယ်။

“ကျ​နော်အိမ်နား​က အိမ် ၃ အိမ်မှာ ​မြေတဧကကို ၅၀ နဲ့​ ရတဲ့​သူရှိတယ်။ အ​ရှေ့​မျက်နှာတ​ယောက်က တဧကကို ၁၁၀ ရတယ်။ အ​နောက်ကလူက ၁၀ ရထား​တယ်ဗျ။ သူတို့​ ​လျော်​ကြေး​ပေး​တာက တ​ယောက်ချင်း​ ​ပေး​တာဗျ။”

အခုရက်ပိုင်း​ ကိုမင်း​ကိုနိုင် ဦး​ဆောင်တဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​များ​ အဖွဲ့​နဲ့​အတူ ထား​ဝယ်​ဒေသခံ​တွေနဲ့​ ​ဆွေး​နွေး​ပွဲ​တွေ လုပ်ခဲ့​တဲ့​ ​ဒေသခံ ကို​ကျော်သက်ကလည်း​ အခု​လော​လောဆယ် အဆိုး​ဆုံး​ ပြဿနာဟာ ​လျော်​ကြေး​တွေ အ​ပေါ်မှာ ​ခေါင်း​ပုံဖြတ်​နေတာ ဖြစ်တယ်လို့​ ​ပြောပါတယ်။

“အီတာလျံထိုင်း​ရယ်၊​ မက်စ်မြန်မာရယ်၊​ ​ရေနက်ဆိပ်ကမ်း​ကြီး​ကြပ်​ရေး​ ​ကော်မတီ အဲဒီသုံး​ခုက ဆက်စပ်​နေတာ။ အခု လက်ရှိ အီတာလျံထိုင်း​က လုပ်တဲ့​ပုံစံက သူ့​ရဲ့​ ပ​ရောဂျက်အရ အ​ရေး​ကြီး​နေရာ​လောက်ကိုပဲ သူက ကွက်ပြီး​လျော်သွား​တာ။ ဧရိယာအကုန်လုံး​ကို မ​လျော်ဘူး​။ မဖြစ်မ​နေလုပ်ရမယ့်​ ​နေရာမှာ ပါ​နေတဲ့​ ​မြေရှင်​တွေကိုပဲ ​လျော်တာ။ အဲဒါ​တွေကို သူတို့​က ကြိုပြီး​ ​ရေနက်ဆိပ်ကမ်း​ကြီး​ကြပ်​ရေး​ကော်မတီကို ချ​ပေး​ရတယ်။ ​လျော်မယ်ဆိုတာကို သူတို့​ အရင် ကြိုသိတယ်ဗျ။ သူတို့​က အရင် ကြိုပြီး​တော့​ ​မြေပိုင်ရှင်ဆီသွား​တယ်။ တဧကကို ၁၅ သိန်း​ပေး​မယ်၊​ သိန်း​ ၂၀ ​ပေး​မယ်​ပေါ့​။ ​ရောငး​ချင်​ရောင်း​ မ​ရောင်း​ချင်ရင် ခင်ဗျာတို့​ဟာက ပါမှာပဲ​ပေါ့​။ ခြိမ်း​ခြောက်တဲ့​ပုံစံမျိုး​ပေါ့​။ ​ဒေသခံ​တွေကလည်း​ ​တောသူ​တောင်သား​ဗျာ ဘာမှ မသိတဲ့​သူဆို​တော့​ ​ရောင်း​တယ်ဗျာဆို​တော့​ လက်မှတ်ထိုး​ဆိုပြီး​ ယူသွား​တယ်။ အီတာလျံထိုင်း​မှာ သူတို့​က ​ငွေအရင်ယူထား​တယ်။ သိန်း​ ၁၀၀ နဲ့​ အီတာလျံထိုင်း​က ​ပေး​ရင် သူတို့​က ကြိုဝယ်ထား​တယ်။ ဟိုဘက်ကို သိန်း​ ၂၀ ​ပေး​ပြီး​ သူတို့​က သိန်း​ ၈၀ အိတ်ထဲ ထည့်​လိုက်တယ်။”

စတုရန်း​မိုင် ၁၀၀ ခန့်​ (၂၅၀ စတုရန်း​ ကီလိုမီတာ) ကျယ်ဝန်း​မယ့်​ ထား​ဝယ် အထူး​စီမံကိန်း​ကို Italian-Thai Development Public Company ကုမ္ပဏီနဲ့​ မက်စ်မြန်မာတို့​က အဓိက တာဝန်ယူပြီး​ တည်​ဆောက်​နေတာပါ။

ဒီအထူး​စီး​ပွား​ရေး​ဇုန်အတွင်း​မှာ ​ရေနက်ဆိပ်ကမ်း​အပြင်၊​ လျှပ်စစ် ဓာတ်အား​ပေး​ စက်ရုံ​တွေ၊​ သံမဏိစက်ရုံ​တွေ၊​ ​ရေနံသန့်​စင်ချက်လုပ်​ရေး​ စက်ရုံ​တွေ တည်​ဆောက်ဖို့​ ရှိတာ​ကြောင့်​ သဘာဝပတ်ဝန်း​ကျင်နဲ့​ ကျန်း​မာ​ရေး​ဆိုင်ရာ ပြဿနာ​တွေ ​နောင်မှာ ဖြစ်လာနိုင်တာကိုလည်း​ ကျွမ်း​ကျင်သူ​တွေက ​ထောက်ပြ​နေတာ ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013