DVB Logo
Home
မြန်မာသတင်း
အောက်​ခြေတပ်သား​အဆင့်​အထိ ​ဖော်​ဆောင်နိုင်ဖို့​လို (ကျိုင်း​တုံ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ)
DVB
·
May 19, 2012
အောက်​ခြေတပ်သား​အဆင့်​အထိ ​ဖော်​ဆောင်နိုင်ဖို့​လို (ကျိုင်း​တုံ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ)
1 / 2
Donate to DVB

ရှမ်း​ပြည်ပြန်လည် ထူ​ထောင်​ရေး​ ​ကောင်စီ (RCSS/SSA) နဲ့​ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ​ဖေါ်​ဆောင်​ရေး​ လုပ်ငန်း​ ​ကော်မီတီတို့​ဟာ ဒီက​နေ့​ ရှမ်း​ပြည်နယ် ကျိုင်း​တုံမြို့​က ​ရွှေတြိဂံရိပ်သာမှာ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲကို ပြုလုပ်ကြပါတယ်။ ထူး​ခြား​မှုအ​နေနဲ့​ ဒုတိယ ကာကွယ်​ရေး​ ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​ စိုး​ဝင်း​ တက်​ရောက်ပါတယ်။ သူက လက်ရှိအစိုး​ရ လက်ထက်မှာတင် ငြိမ်း​ချမ်း​ရေး​ကို ​ဖော်​ဆောင်သွား​နိုင်ဖို့​ ရည်ရွယ်​ကြောင်း​ ​ပြောဆိုခဲ့​သလို SSA/RCSS ဒု ဗိုလ်ချုပ်ကြီး​ ယွဝ်ဆစ်ကလည်း​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်ရာမှာ ​အောက်​ခြေတပ်သား​အဆင့်​အထိ သိရှိနား​လည်နိုင်ဖို့​ အ​ရေး​ကြီး​ကြောင်း​ ပြန်လည် ​ပြောဆိုခဲ့​ပါတယ်။

ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ မနက်ပိုင်း​ အ​ခြေအ​နေ​တွေကို အခုခရီး​စဉ်မှာ လိုက်ပါသတင်း​ယူ​နေတဲ့​ ဦး​တိုး​ဇော်လတ် (ဒီမိုကရက်တစ် မြန်မာ့​အသံ)က ကျိုင်း​တုံမြို့​က​နေ တိုက်ရိုက်သတင်း​ပေး​ပို့​ထား​ပါတယ်။

ဓါတ်ပုံ မြင်ကွင်း

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/SSA19052012/]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013