A d v e r t i s e m e n t With Us

မြင်းခြံမြို့နယ်တွင် မိလ္လာ​ရေ စွန့်​ထုတ်​မှု​ကြောင့် ဒေသခံများ ကျန်းမာ​ရေးထိခိုက်​မှာ စိုးရိမ်

မန္တလေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​ ရွာစည်​​ကျေးရွာရှိ မြရိပ်​ညို ​ဘော်​ဒါ​ဆောင်​ကနေ ​ကျေးရွာလမ်း​တွေ​ပေါ်မှာ စွန့်​ထုတ်​တဲ့ မိလ္လာ​ရေအနံ့​တွေ​ကြောင့် အနံ့အသက်​ မခံနိုင်​ဘဲ ကျန်းမာ​ရေး ထိခိုက်​လာမှကို  ​ကျေးရွာလူထု​တွေက စိုးရိမ်​​နေပါတယ်​။ ရွာစည်​​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးစန်းလွင်​က “ခုလို မိလ္လာ​ရေ စွန့်​ထုတ်​တာ မကြာခဏ ပြုလုပ်​​နေတာပါ။ ကျ​နော်​တို့ ​ခေါ်ယူညှိနှိုင်း​ပေး​တော့လည်း လက်​မခံဘူး။ အနံ့အသက်​​တွေက အ​တော်​ဆိုး​နေတာပါ။ ခုက ပတ်​ဝန်းကျင်​ လူ​တွေလည်း ဒီအနံ့ဆိုး​ကြောင့် ကျန်းမာ​ရေး ထိခိုက်​လာမှာ ​သေချာတယ်​။ ​ခေါ်ယူသတိ​ပေးတာ​တွေ လုပ်​ခဲ့​ပေမဲ့ မထိ​ရောက်​ဘူး။ ကျ​နော်​တို့ သက်​ဆိုင်​ရာ​တွေကို တင်​ပြထားပါတယ်​”လို့​ ပြောပါတယ်​။ မြင်းခြံမြို့နယ်​ ရွာစည်​​ကျေးရွာမှာ မြင်းခြံ ဒီဂရီ​ကောလိပ်​ ဖွင့်လှစ်​ထားတာ​ကြောင့် ​ဒေသခံ​တွေဟာ ​ကျောင်းသား ကျောင်းသူတွေ နေထိုင်​နိုင်​ဖို့ ​ဘော်​ဒါ​ဆောင်​တွေ ဖွင့်လှစ်​ထားကြတာလည်း ဖြစ်​ပါတယ်​။ မြရိပ်​ညို ​ဘော်​ဒါ​ဆောင်​ပိုင်​ရှင်​ ဦးတိုးမြိုင်​က “မိလ္လာ​ရေကို သက်​သက်​စွန့်​ထုတ်​တာ မဟုတ်​ပါဘူး။ မ​တော်​တဆ ဖြစ်​သွားခဲ့တာပါ။ ပိုက်​လိုင်းချိန်းတာ အဆင်​မ​ပြေလို့ ခုလို ဖြစ်​သွားတာပါ”လို့ ဆိုပါတယ်​။ ခုလို မိလ္လာ​ရေ​တွေကို ​ကျေးရွာလမ်းမ​တွေ​ပေါ်မှာ စွန့်​ထုတ်​​နေလို့ လူသွားလမ်း​တွေ ပျက်​စီး​နေပြီး၊ အနံ့အသက်​ မ​ကောင်းတာ​တွေ​၊ ခြင်​ ယင်​တွေ ​ပေါများ​နေတာ​တွေ​ကြောင့် ဒေသခံ ပြည်​သူ​တွေဟာ ကျန်းမာ​ရေးအတွက်​ စိုးရိမ်​ပူပန်​မှု​တွေ ရှိ​နေကြတယ်​လို့ ​ပြောဆို​နေကြတာပါ။ ရွာစည်​​ကျေးရွာ ​ဒေါ်ဝင်းကြည်​က “ခုလိုမိလ္လာ​ရေ​တွေ စွန့်​ထုတ်​​နေတာ ၂ နှစ်​​လောက်​ရှိပါပြီ။ သက်​ဆိုင်​ရာကို တိုင်​ကြား​တော့ လာစစ်​ကြတာပဲရှိတာ။ ဘာမှ မထူးခြားပါဘူး။ ခုက ​နေ့​ရော ညပါ စွန့်​ထုတ်​​နေ​တော့ ဘယ်​လိုမှ အနံ့အသက်​ မခံနိုင်​ပါဘူး။ လမ်းသွားလမ်းလာ​တွေဆို ​အော့အန်​​နေကြတယ်​၊  ခု လမ်း​တွေကလည်း ပျက်​စီး​နေပြီ။ ဒီလို​တွေ မလုပ်​​အောင်​ သက်​ဆိုင်​ရာ တာဝန်​ရှိသူ​တွေက ထိထိ​ရောက်​​ရောက်​ အ​ရေးယူ​ပေးဖို့ လိုပါတယ်​”လို့ ပြောပါတယ်​။ မြင်းခြံမြို့နယ်​ ရွာစည်​​ကျေးရွာမှာ ​ဘော်​ဒါ​ဆောင်​​ပေါင်း ၁၀၀ လောက်ရှိပြီး မကြာခဏ ဆိုသလို ​ရေဆိုး​ရေညစ်​ စွန့်​ထုတ်​တာ​တွေ မိလ္လာ​ရေ စွန့်​ထုတ်​တာ​တွေ​ကြောင့် ​ဒေသခံ ပြည်​သူ​တွေ သက်​ဆိုင်​ရာကို တိုင်​ကြားမှု​ခဲ့ပေမယ့် ထိ​ရောက်​​အောင်​ အ​ရေးယူ​ ဆောင်​ရွက်​တာမျိုး မရှိခဲ့ပါဘူး​။ သတင်း - ရီရီထွန်း(မြင်းခြံ)

A d v e r t i s e m e n t With Us

More News
Up