A d v e r t i s e m e n t With Us

ဆေးရောင်စုံအမှုန့်များဖြင့် ပက်ဖျန်းသည့် ဟိန္ဒူဘာသာဝင်များ၏ ဟိုလီပွဲတော် ကျင်းပ

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့က ဟိန္ဒူဘာသာဝင်တွေဟာ ဆေးရောင်စုံအမှုန့်တွေနဲ့ ပက်ဖျန်းတဲ့ ဟိုလီပွဲတော်ကို မတ်လ ၁ ရက်နေ့မှာ ဆင်နွှဲခဲ့ကြပါတယ်။ အညံ့တွေပယ်ပြီး အကောင်းတွေ ဆောင်ကျဉ်းဖို့၊ ခွင့်လွှတ်ဖို့၊ မိတ်ဆွေဖွဲ့ဖို့ ရည်ရွယ်ပြီး ဒီပွဲတော်ကို နှစ်စဉ် နွေဦးအစမှာ ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်မှာ အလွှာစုံ အရွယ်စုံက လူတွေဟာ အရောင်စုံ ဆေးမှုန့်တွေနဲ့ ပစ်ပေါက်ကြ၊ သီဆိုကခုန်ကြပြီး ပွဲတော်ကို ဆင်နွှဲကြတာပါ။ ကရာချိမြို့က သျှရီဆွာမီနာရာယန် ဟိန္ဒူဘုရားကျောင်းမှာ ကျင်းပတဲ့ ဒီပွဲမှာ ဟိန္ဒူ ဘာသာဝင် အယောက် ၅၀၀ နီးပါး ပါဝင် ဆင်နွှဲပါတယ်။ ပါကစ္စတန်နိုင်ငံတ၀ှမ်းက တခြားနေရာတွေမှာလည်း ဟိုလီပွဲတော်ကို ဟိန္ဒူဘာသာဝင်တွေ ဆင်နွှဲနေကြတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up