DVB Logo
Home
မြန်မာသတင်း
တောင်း​ဆိုချက်များ​ မရမချင်း​ ဆက်လက်ဆန္ဒပြမည်
DVB
·
May 18, 2012
တောင်း​ဆိုချက်များ​ မရမချင်း​ ဆက်လက်ဆန္ဒပြမည်
Donate to DVB

လုပ်ခလစာ တိုး​မြှင့်​ပေး​ရေး​ ဆန္ဒပြမှု​နေတဲ့​ လှိုင်သာယာစက်မှုဇုန်က မြန်မာပုလဲ၊​ ဝိုင်​ကေ​အေ(YKA) အထည်ချုပ်စက်ရုံနဲ့​ ဟိုင်မို(Hi_M0) ဆံပင်တုစက်ရုံက အလုပ်သမား​တွေဟာ သူတို့​ ​တောင်း​ဆိုတဲ့​ လစာတိုး​မြှင့်​ရေး​ ​တောင်း​ဆိုမှုကို အလုပ်ရှင်က မလိုက်​လျော​ပေး​သေး​တဲ့​အတွက် ဆက်လက်ပြီး​ ဆန္ဒပြ​နေကြပါတယ်။

[caption id="attachment_25635" align="alignleft" width="300" caption="ပုလဲအထည်ချုပ်စက်ရုံ အလုပ်သမားများ​"][/caption]

အလုပ်သမား​တွေ ဆက်ပြီး​ဆန္ဒပြ​နေလဲဆိုတာနဲ့​ ပတ်သက်ပြီး​ အလုပ်သမား​သမဂ္ဂနဲ့​ ညှိနှိုင်း​ရေး​ကော်မီတီက ကိုရဲနိုင်ဝင်း​ကို ​မေး​မြန်း​ထား​ပါတယ်။

လှိုင်သာယာစက်မှုဇုန်​တွေမှာ အခုလက်ရှိ ဆန္ဒပြ​နေတဲ့​ အလုပ်သမား​တွေက အလုပ်ရှင်နဲ့​ အခုအချိန်အထိ အဆင်မ​ပြေ​သေး​ဘူး​လို့​ ကြား​ရလို့​လေ။

“ကျ​နော်တို့​ ​ရောက်ခဲ့​တဲ့​ အ​ခြေအ​နေအရဆိုရင် မြန်မာပုလဲအထည်ချုပ်စက်ရုံ အလုပ်သမား​တွေရဲ့​ ဆန္ဒပြမှုက သ​ဘောတူညီမှု မရ​သေး​ဘူး​။ ဒီလိုပဲ YKA အထည်ချုပ်စက်ရုံ အလုပ်သမား​တွေရဲ့​ ဆန္ဒပြမှုကလည်း​ သ​ဘောတူညီမှု မရ​သေး​ဘူး​။ ​နောက်တခုက HI-Mo ​ခေါ်တဲ့​ ဆံပင်တုစက်ရုံ အလုပ်သမား​တွေရဲ့​ ပြဿနာကလည်း​ မ​ပြေလည်​သေး​ဘူး​။ တဖက်က​တော့​ အလုပ်ရှင်​တွေက ဒီအလုပ်သမား​တွေ​တောင်း​တဲ့​ထဲက ရှား​ပါး​စရိတ် ၃ ​သောင်း​ကို ၁ ​သောင်း​ခွဲ​လောက်ပဲ ​ပေး​မယ်ဆိုပြီး​ သူတို့​သ​ဘောထား​ ထုတ်ပြန်ထား​တယ်။ ဒါ​တွေကို သူတို့​ မလိုက်နိုင်ဘူး​ တဖက်က လက်မခံနိုင်ဘူး​။ ၃ ရက်အတွင်း​မှာ အလုပ်ဆင်း​ရင်ဆင်း​ မဆင်း​လို့​ရှိရင် ကိုယ့်​သ​ဘောနဲ့​ကိုယ် နုတ်ထွက်တယ်လို့​ ယူဆမယ်ဆိုတဲ့​ အဲဒီ စက်ရုံ​တွေရဲ့​ ​ရှေ့​မျက်နှာစာ​တွေမှာ စာကပ်ထား​တာ ​တွေ့​ရတယ်။ အ​ခြေအ​နေ​တွေက ဒီ​နေ့​အထိ​တော့​ ​ဖြေရှင်း​နိုင်တဲ့​ အ​ခြေအ​နေ မရှိ​သေး​ဘူး​ခင်ဗျ။”

အလုပ်သမား​တွေက ဆက်လက်ပြီး​တော့​ ဆန္ဒပြ​နေတုန်း​ပဲလား​။

“ဟုတ်တယ် အလုပ်သမား​တွေရဲ့​ သ​ဘောက​တော့​ သူတို့​က ဒီမှာ ဖြစ်​နေတာက အလုပ်သမား​တွေက ၃ ​သောင်း​တောင်း​တယ်၊​ အလုပ်ရှင်က ၁ ​သောင်း​ခွဲ​ပေး​တယ်။ ​ပေး​တဲ့​နေရာမှာ အလုပ်ရှင်က အလုပ်သမား​တွေက ရှား​ပါး​စရိတ်အ​နေနဲ့​တောင်း​တယ် အ​ခြေခံလစာထဲကို ထည့်​ပြီး​တောင်း​တယ်။ အလုပ်ရှင်​တွေက ​ပေး​တာက အ​ခြေခံလစာထဲကို ထည့်​ပေး​တာ မဟုတ်ဘူး​။ အလုပ်ရှင်​တွေက အချိန်မ​ရွေး​လိုအပ်ရင် လိုအပ်သလို ဖြုတ်ထုတ်လို့​ ရတယ် ရက်မပြတ်​ကြေး​တို့​၊​ ဆု​ကြေး​တို့​၊​ တာဝန်ယူ​ကြေး​တို့​ထဲမှာ ခွဲ​ဝေပြီး​တော့​ ဖြန့်​ထည့်​ပေး​တာ။ အဓိကက အလုပ်သမား​တွေက အဒါကို မ​ကျေနပ်တာ။ အဲဒီ​တော့​ ဒါ​တွေက အခုဆက်လက်တင်း​မာတယ်။ အလုပ်သမား​တွေက​တော့​ သူတို့​တောင်း​ဆိုချက်​တွေ မရမချင်း​ ဆက်လက်ဆန္ဒပြ​တောင်း​ဆိုသွား​မယ်လို့​ သူတို့​ပြော​နေကြတယ်။”

အလုပ်ရှင်ဘက်က အလုပ်ဖြုတ်လိုက်ရင်​ရော သူတို့​အ​နေနဲ့​က စား​ဝတ်​နေ​ရေး​ အတွက် နစ်နာမှု မရှိနိုင်ဘူး​လား​။

“တကယ်တမ်း​ကျ​တော့​ အလုပ်ရှင်က အလုပ်သမား​တွေကို အလုပ်ထုတ်လို့​ မရပါဘူး​ခင်ဗျ ဥပ​ဒေအရ။ ဒီအလုပ်သမား​တွေနဲ့​ ဖြစ်​နေတဲ့​ကိစ္စမှာ အလုပ်ရှင်နဲ့​ ညှိနှိုင်း​ဖြေရှင်း​လို့​ မရဘူး​ဆိုရင် အလုပ်ရှင်က ဒီလုပ်ငန်း​ကို ပိတ်လို့​ပဲ ရပါတယ်။ အလုပ်သမား​ကို အလုပ်ထုတ်လို့​ မရပါဘူး​။”

ထုတ်လို့​မရဘူး​ဆိုတာ ဥပ​ဒေအရ ဘယ်လိုအကာအကွယ် ​ပေး​ထား​ပါသလဲ။

“အဓိကက​တော့​ ဒီမှာ အလုပ်သမား​အဖွဲ့​အစည်း​များ​ ဖွဲ့​စည်း​ခြင်း​ဥပ​ဒေအရ မရပါဘူး​။ အလုပ်ရှင်အလုပ်သမား​ ပြဿနာဖြစ်လာရင် နှစ်ဖက်ညှိုနှိုင်း​ဖြေရှင်း​မယ်၊​ ​ဖြေရှင်း​လို့​မှ မရဘူး​ဆိုရင် အလုပ်သမား​တွေဘက်ကလည်း​ ဆန္ဒပြ​တောင်း​ဆိုပိုင်း​ခွင့်​ ရှိတယ်​ပေါ့​။ အလုပ်ရှင်ကလည်း​ မလိုက်​လျောနိုင်ဘူး​ဆိုရင် အလုပ်ကို ယာယီပိတ်ထား​လို့​ ရတယ်။ ဒါ ဥပ​ဒေအရ​ပေါ့​။ ဒါ​ကြောင့်​မို့​ အလုပ်သမား​တွေကို ထုတ်လို့​ရတယ်ဆိုတဲ့​ ဥပ​ဒေမှာ ပြထား​တာ မ​တွေ့​ရပါဘူး​။ ဒါ​ကြောင့်​မို့​ ထုတ်လို့​ မရဘူး​လို့​ ကျ​နော်တို့​ ​ပြောတာပါ။ အခု ဆန္ဒပြ​နေတာက​တော့​ မြန်မာပုလဲ အထည်ချုပ်စက်ရုံ၊​ YKA က မ​နေ့​ကစဖြစ်တာ ဒီ​နေ့​အထိ ဖြစ်​နေတုန်း​ပါပဲ။ HI-Mo ကိစ္စက အလုပ်ရှင်ဘက်က သ​ဘောတူထား​ပြီး​မှ မလိုက်​လျော​သေး​တဲ့​အတွက် အလုပ်သမား​တွေက ဆက်လက် ​တောင်း​ဆို​နေတာပါ။ အဲဒီမှာ အဓိက ကျ​နော် နည်း​နည်း​ပြောချင်တာက HI-Mo ကိစ္စမှာဆိုရင် ညွှန်ကြား​ရေး​မှူး​ချုပ်နဲ့​အတူ ညှိနှိုင်း​သ​ဘောတူထား​ပြီး​ လက်မှတ် ထိုး​ထား​ပြီး​သား​ကို အလုပ်ရှင်ဘက်က ပထမက လက်ခံတယ်။ ​နောက်​တော့​ လက်မခံဘူး​ ​ပြောတယ်။ ဒီကိစ္စမှာ​တော့​ အလုပ်သမား​တွေက ဆက်လက် ​တောင်း​ဆိုရမှာ မဟုတ်​တော့​ဘဲနဲ့​ ညွှန်ကြား​ရေး​မှူး​ချုပ်ကိုယ်တိုင် ဒီကိစ္စကို ဥပ​ဒေလမ်း​ကြောင်း​အတိုင်း​ ဆက်​ဖြေရှင်း​သွား​ရမှာ ဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013