A d v e r t i s e m e n t With Us

ရင်ဘတ်အောင့်ဝေဒနာကြောင့် ကိုလံဘီယာ ဖှားသူပုန်အဖွဲ့ခေါင်းဆောင် ဆေးရုံတက်

ကိုလံဘီယာ နိုင်ငံက (FARC) ဖှားသူပုန်အဖွဲ့ခေါင်းဆောင်ဟောင်း ရိုဒရီဂိုလွန်ဒိုနိုဟာ ရင်ဘတ်အောင့်တဲ့ ဝေဒနာကြောင့် မတ်လ ၁ ရက်နေ့မှာ ဆေးရုံတက် ကုသနေရပါတယ်။ တီမိုချန်ကို ဆိုတဲ့ နာမည်နဲ့ လူသိများသူဟာ ၂၀၁၆ ခုနှစ်နှောင်းပိုင်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုးခဲ့သူလည်းဖြစ်ပါတယ်။ သမ္မတလောင်း ကိုယ်စားလှယ်တဦးလည်းဖြစ်တဲ့ လွန်ဒိုနိုဟာ နှလုံးရောဂါကို ခံစားနေရသူဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလက ကျူးဘားမှာ ခွဲစိတ်ကုသမှုခံ ယူခဲ့ရပါ တယ်။ နေ့စဉ်လေ့ကျင့်ခန်းလုပ်နေတုန်း ရင်ဘတ်အောင့်လာတာကြောင့် ဆေးရုံတင်ခဲ့ရတာလို့ သိရပါတယ်။ နိုင်ငံရေး ပါတီသစ်တစ်ခုကနေ သမ္မတနေရာအတွက် ယှဉ်ပြိုင်မယ့် လွန်ဒိုနိုဟာ ဆန္ဒပြမှုတွေကြောင့် ပြီးခဲ့တဲ့လက မဲဆွယ်စည်းရုံးရေး အစီအစဉ်တွေကို ရပ်ဆိုင်းခဲ့ပါတယ်။ ပြန်ပေးဆွဲမှု၊ ဗုံးခွဲမှု၊ အဓမ္မ နေရာရွှေ့ပြောင်းခိုင်းမှုစတဲ့ နာမည်ဆိုးတွေနဲ့ ကျော်ကြားခဲ့တဲ့ ဖှားသူပုန် အဖွဲ့ကို ကိုလံဘီယာပြည်သူ အများစုက ဒေါသထွက်နေကြဆဲပါ။ လွန်ဒိုနိုကို ပြည်သူတွေရဲ့ ထောက်ခံမှုဟာ ၁ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ လတ်တလော စစ်တမ်းတွေက ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up