လီယိုနာဒို ဒီကာပရီယိုနှင့် ဘရတ်ပစ်တို့ ပါဝင်မည့် Once Upon a Time in Hollywood

2.4K
ဟောလိဝုဒ် အမျိုးသားသရုပ်ဆောင်တွေဖြစ်တဲ့ လီယိုနာဒို ဒီကာပရီယိုနဲ့ ဘရတ်ပစ် တို့ဟာ ဟောလိဝုဒ်မှာ ၁၉၆၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ချားစ်မန်ဆင် လူသတ်မှုဖြစ်ရပ်ကို အခြေခံ ရိုက်ကူးမယ့် ဇာတ်ကားမှာ ပထမဆုံး အတူသရုပ်ဆောင်မယ်လို့ ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကြေညာပါတယ်။
Once Upon a Time in Hollywood လို့ နာမည်ပေးထားတဲ့ အဲဒီဇာတ်ကားမှာ ဒီကာပရီယိုက ရုပ်သံဇာတ်လမ်းတွဲနဲ့ နာမည်ကြီးတဲ့ သရုပ်ဆောင်ဟောင်း ရစ်အဖြစ် ပါဝင်မှာဖြစ်ပြီး ဘရတ်ပစ်ကတော့ အဲဒီသရုပ်ဆောင်ဟောင်း စတန့်ကွက်တွေ သရုပ်ဆောင်တဲ့အခါ အစားထိုးတဲ့ စတန့်မင်းသားအဖြစ် ပါဝင်မှာပါ။
ဆိုနီရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီကာပရီယို သရုပ်ဆောင်မယ့် ရစ် ဆိုတဲ့ ဇာတ်ကောင်ရဲ့ အိမ်နားမှာ အသတ်ခံခဲ့ရတဲ့ သရုပ်ဆောင် ရှာရွန်တိတ် နေထိုင်တယ်လို့ ဆိုပါတယ်။
ရှာရွန်တိတ်ဟာ ဟောလိဝုဒ် ဒါရိုက်တာတဦးရဲ့ဇနီးဖြစ်ပြီး ချားစ်မန်ဆင်ရဲ့ နောက်လိုက်တွေ သတ်ဖြတ်လို့ ကိုယ်ဝန်နဲ့ သေဆုံးခဲ့သူပါ။
ဒီရုပ်ရှင်ကားကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာ ဖြန့်ချိဖို့ရှိပြီး ၂၀၁၉ ခုနှစ်ဟာ သရုပ်ဆောင် ရှာရွန်တိတ်နဲ့ သူ့ သူငယ်ချင်း ၄ ဦး အသတ်ခံရမှု နှစ် ၅၀ ပြည့်လည်း ဖြစ်ပါတယ်။
Photo : elleuk.com