A d v e r t i s e m e n t With Us

ကမ္ဘာ့ဘီးတပ်ကုလားထိုင် မသန်စွမ်းအလှမယ် ဘားထဲဝင်ရန် ငြင်းဆန်ခံရ

ပထမဦးဆုံး ကမ္ဘာ့ဘီးတပ်ကုလားထိုင် မသန်စွမ်းအလှမယ်ကို အသောက်သမားတွေ အန္တရာယ်ပြုမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘားထဲ ဝင်ဖို့ ငြင်းဆန်ခံခဲ့ရတယ်လို့ အလှမယ်က ပြောလိုက်ပါတယ်။ ဘယ်လာရုစ်နိုင်ငံက အလက်ဇန္ဒြားချီချီကိုဗာ အသက် ၂၃ နှစ်က သူမ သူငယ်ချင်းတွေနဲ့ အပြင်ထွက်ပြီး ဘားသွားချိန်မှာ အန္တရာယ်ရှိနိုင်တယ် ယူဆလို့ လုံခြုံရေးနဲ့ မန်နေဂျာကိုယ်တိုင်က သူမကို ဘားထဲ မဝင်ခိုင်းခဲ့တာလို့ ဆိုပါတယ်။ သူမကို ဘားထဲ အဝင်ခံလိုက်ရင် အခြား သောက်နေသူတွေက သူမကို ထိခိုက်နိုင်တာကြောင့်လို့ ဘားက ပြောကြောင်း ၂၀၁၇ ခုနှစ်က ကမ္ဘာ့ဘီးတပ်ကုလားထိုင် မသန်စွမ်းမယ်အဖြစ် ပထဆုံးဆုရခဲ့သူ စိတ်ပညာကျောင်းသူက ပြောလိုက်ပါတယ်။ သူမ အသက် ၁၇ နှစ်မှာ ပြတင်းပေါက်ကနေ ပြုတ်ကျပြီး ခါးရိုးကျိုးသွားရာကနေ သူမ ဒီလို မသန်စွမ်းဖြစ်ခဲ့တာလို့ သိရပြီး အလက်ဇန္ဒြားက မြို့တော် မင့်စ်က်မှာ သူငယ်ချင်းတွေနဲ့ ညဘက် အပြင်ထွက်ရင်း ဘားထဲ အဝင်ခံဖို့ ငြင်းဆန်ခံရပုံကို သူမရဲ့ အင်စတာဂရမ်စာမျက်နှာပေါ်မှာ ရေးထားတာပါ။ သူမကို လုံခြုံရေးက မဝင်ခိုင်းခဲ့လို မန်နေဂျာနဲ့တွေ့ဖို့ ပြောပေမယ့် “မန်နေဂျာကိုယ်တိုင်က ဘားထဲမှာ သောက်နေတဲ့သူတွေက ကျမကို တွန်းမိပြီး အန္တရာယ်ရှိနိုင်တယ်လို့ ပြောတယ်” လို့ ဆိုပြီး မသန်စွမ်းမယ်က လူမှုကွန်ရက်ပေါ်မှာ ရေးထားပါတယ်။ အဲ့ဒီနောက် သူမက မသန်စွမ်းတွေက ကမ္ဘာကြီးရဲ့အစိတ်အပိုင်းတခု ဖြစ်လို့ ဒီလူတွေကိုလည်း အခြားလူတွေလို ဆက်ဆံသင့်ကြောင်း ပြောကာ သူမအနေနဲ့ ဒီလိုပြောဖို့ အခွင့်အရေးရှိလို့ ဝမ်းသာကြောင်း၊ မသန်စွမ်းတွေအပေါ်မှာ ထားတဲ့ လူတွေရဲ့အမြင်ကို တိုးတက်ပြောင်းလဲအောင် လုပ်နိုင်ဖို့ သူမ မျှော်လင့်ကြောင်း လူမှုကွန်ရက်ပေါ်မှာ ဆက်ရေးထားပါတယ်။ သူမ တွေ့ကြုံခဲ့ရတာကို အင်စတာဂရမ် သုံးစွဲသူအချို့က ဒေါသထွက်နေကြပြီး ဒီလို အခြေအနေတွေ ဖြစ်ခဲ့တာက ကိုယ့်ကိုယ်ကိုယ် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကလို့ တွေးထင်ဖို့တောင် အခွင့်အရေးမရှိတော့ဘူးလို့ ဝေဖန်သူတဦးက ပြောထားကြောင်း မေရာ သတင်းတပုဒ်မှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up