DVB Logo
Home
မြန်မာသတင်း
မြန်မာအပေါ် အမေရိကန်ပိတ်ဆို့ ဒဏ်ခတ်မှု ဆိုင်းငံ့လိုက်ပြီး သံအမတ်သစ် ခန့်အပ်
DVB
·
May 18, 2012
မြန်မာအပေါ် အမေရိကန်ပိတ်ဆို့ ဒဏ်ခတ်မှု ဆိုင်းငံ့လိုက်ပြီး သံအမတ်သစ် ခန့်အပ်
Donate to DVB

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံမှာပေါ် ပိတ်ဆို့ဒဏ်ခတ်ထားမှုတွေကို ဆိုင်းငံ့ ထားလိုက်ပြီဖြစ်ကြောင်း နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ်ကို နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဆုံးအကြိမ် ခန့်အပ်ကြောင်း ကြေညာလိုက်ပါတယ်။

[caption id="attachment_25617" align="alignleft" width="300" caption="(ဓာတ်ပုံ- ရိုက်တာ)"][/caption]

အမေရိကန်ကို အလည်အပတ် သွားရောက်နေ တဲ့ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့  အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် တို့  တွေ့ဆုံပြီးနောက် ၀ါရှင်တန်ဒီစီမှာ ပူးတွဲပြုလုပ် တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ အခုလို ကြေညာလိုက်တာပါ။

“ဒီနေ့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုတွေ ကို မြန်မာပြည် မှာ ဆောင်ရွက်ခွင့်ပြုလိုက် တဲ့ အကြောင်း၊ အမေရိကန်ပြည်ထောင်စု အနေနဲ့  အမေရိကန် စီးပွားရေး လုပ်ငန်းတွေ  မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်မယ့် နိုင်ငံတကာငွေချေးစာချုပ် အရောင်းအ၀ယ်ဈေးကွက် နဲ့ ဒေါ်လာအခြေခံတဲ့ ငွေကြေးလွှဲပြောင်းပေးမှုတွေ နိုင်ငံသားတွေ လုပ်နိုင်မယ့် အထွေထွေ လိုင်စင်တွေကို ထုတ်ပေးသွားမှာ ဖြစ်တဲ့အကြောင်း” ဟီလာရီ ကလင်တန် က ပြောသွားပါတယ်။

ဒါ့ပြင် နှစ်ပေါင်း ၂၂ လောက်အတွင်း အမေရိကန်က  မြန်မာနိုင်ငံမှာ သံအမတ်အဆင့်မထားဘဲ သံတမန်ဆက်ဆံရေးအဆင့် လျှော့ချထားရာကနေ   မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်အဖြစ် ဒဲရစ်မစ်ရှယ်လ်ကို ရွေးချယ်ကြောင်းလည်း ဒီ သတင်းစာရှင်းလင်းပွဲမှာ မစ္စ ဟီလာရီကလင်တန် က  ကြေညာသွားပါတယ်။ ဒဲရစ်မစ်ရှယ်လ်ဟာ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နှင့် မူဝါဒရေးရာညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

အလားတူ  မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ  အမြဲတမ်းကိုယ်စားလှယ်အဖြစ် နယူးယောက်မှာ တာဝန် ထမ်းဆောင်နေတဲ့ ဦးသန်းဆွေကို အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ရွေးချယ်ခန့်အပ်တဲ့ အကြောင်းလည်း နိုင်ငံခြားရေး ၀န်ကြီးတွေက ကြေညာပါတယ်။

ဟီလာရင်ကလင်တန်က ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှု ကို ချီးကျူးပြောဆိုခဲ့ပြီး တိုင်းပြည်အနာဂတ်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ကိုယ်ကျိုးစွန့် လုပ်ဆောင်ခဲ့တဲ့ သူတွေကိုလည်း ဦးညွတ်ကြောင်း ပြောဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ လုပ်ဆောင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးကိုလည်း ချီးကျူးလိုက်သလို ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေအတွက် စိုးရိမ်ကြောင်းလည်း ကလင်တန် က ပြောပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့   နိုင်ငံရေးအကျဉ်းသားများ ဆက်လက် ထိန်းသိမ်းထားတာနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ခုလို ဖြေကြားသွားပါတယ်။

“သမ္မတက ပြီးခဲ့တဲ့ ၁နှစ်အတွင်း အကျဉ်းသား ၂သောင်း ၈ထောင် လွှတ်ပေးခဲ့တဲ့အကြောင်း၊ ပြီးခဲ့တဲ့ ဇန်န၀ါရီကလည်း  ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့က ပြောထားတဲ့ နိုင်ငံရေးအကျဉ်းသားလို့ ခေါ်တဲ့ စာရင်းပါသူ အများစုကို လွှတ်ပေးခဲ့တဲ့အကြောင်း၊ တချို့ကျန်ရှိနေဆဲဖြစ်ပြီး  ဒီထဲက တချို့အကျဉ်းသားတွေ ဟာ လူသတ်မှု၊ မုဒိမ်းမှုနဲ့ တခြား အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ ရာဇ၀တ်မှု ကျူးလွန်သူတွေ ဖြစ်ကြောင်း၊ ဒီစာရင်း ကို သေသေချာချာ စုံစမ်းစစ်ဆေးပြီးသွားရင်  အခြေခံ ဥပဒေက လုပ်ပိုင်ခွင့် ပေးထားတဲ့ အတိုင်း သမ္မတက သင့်တော်တဲ့ အခါမှာ လွတ်ငြိမ်းခွင့်ကို ထပ်မံ ဆောင်ရွက်ပေးသွားမှာပါ။”

အလားတူ အမေရိကန် သမ္မတ ဘားရက် အိုဘားမားကလည်း အမေရိကန်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ နဲ့ ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုတွေ ကို မြန်မာပြည်မှာ ဆောင်ရွက်ခွင့် ခွင့်ပြုလိုက်တဲ့ အကြောင်း ပြောဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013