တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ပဒေသာကပွဲ (သတင်းဓာတ်ပုံ)
DVB
·
May 18, 2012
တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ပဒေသာကပွဲကို မေလ ၁၇ နဲ့ ၁၈ နေ့ညက မန္တလေးအမျိုးသားကဇာတ်ရုံမှာ ကျင်းပပါတယ်။ ဒီပွဲကို ဆွေမျိုးသားချင်းတရုတ်နိုင်ငံအဖွဲ့က ဖျော်ဖြေတင်ဆက်တာဖြစ်ပြီး အဆိုအကတွေနဲ့ ၂ နာရီကြာ စီစဉ်တင်ဆက်သွားပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်က အဆိုအကအဖွဲ့၊ ကျွမ်းဘားအဖွဲ့၊ တေးဂီတအဖွဲ့၊ မျက်လှည့်အဖွဲ့တွေက အဆိုအကတွေနဲ့ ဝေေ၀ဆာဆာ ဖျော်ဖြေတင်ဆက်တာ ဖြစ်ပါတယ်။ တရုတ်နာမည်ကျော်အဆိုတော်ကြီးတွေရဲ့ သီဆိုဖျော်ဖြေမှုတွေလည်း ပါဝင်ပါတယ်။ ညိုမြ သင်္ကြန်သီချင်းကို သီဆိုကာ သင်္ကြန်အကနဲ့ ကပြဖျော်ဖြေခဲ့ပြီး မင်္ဂလာပါ မြန်မာအကကိုလည်း ညီညာလှပစွာက ပြကြပါတယ်။ မျက်လှည့်ပညာနဲ့ ဟာဒယရွှင်ဆေးတိုက်ကျွေးခဲ့သလို ဘဲလေးအကကိုလည်း ရှုစားကြရပါတယ်။
တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ပဒေသာကပွဲကို တရက် နှစ်ပွဲနှုန်းနဲ့ နှစ်ရက် လေးပွဲဖျော်ဖြေပါတယ်။
Read more