A d v e r t i s e m e n t With Us

ကစားသမားတယောက်ရဲ့ အမြင့်ဆုံးမျှော်လင့်ချက်က ချန်ပီယံအိပ်မက်ပဲ – ဖိုးသော်

ကစားသမားတယောက်ရဲ့ အမြင့်ဆုံး မျှော်လင့်ချက်ဟာ ချန်ပီယံအိပ်မက်ပဲ ဖြစ်တယ်လို့ MMA ကစားသမား ဖိုးသော်က ပြောလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၃ ရက်နေ့က မြန်မာနိုင်ငံမှာ ထိုးသတ်ခဲ့တဲ့ One Championship ပြိုင်ပွဲမှာ ဖိုး​သော်​ဟာ က​မ္ဘောဒီးယားနိုင်​ငံသား ​ဆော်​​ဆေးကို ပထမအချီမှာပဲ လှပတဲ့​ ခြေကန်​ချက်​နဲ့အတူ အလဲထိုး အနိုင်​ရရှိခဲ့ပါတယ်။ ဖိုးသော်က "ကစားသမားတ​ယောက်​ရဲ့ အမြင့်​ဆုံး ​မျှော်​လင့်ချက်​က​တော့ ချန်​ပီယံအိပ်မက်​​ပေါ့။ ပြိုင်​ပွဲ​တွေ ထိုးတယ်​ဆိုတာ ချန်​ပီယံဖြစ်​ချင်​လို့။ တနှစ်​ပဲ ထိုးထိုး ဆယ်​နှစ်​ပဲ ထိုးနိုင်​ ထိုးနိုင်​ ဘယ်​လိုပဲဖြစ်​ဖြစ်​ ​အ​ကောင်းဆုံးထိုးသွားမယ်​။ အခွင့်​အ​ရေးရရင်​​တော့ ချန်​ပီယံတယောက်​ ဖြစ်​​အောင်​ ကြိုးစားချင်​​သေးပါတယ်​။ ကျ​နော့်​ရဲ့ ခံယူချက်​က​တော့ Believe In Believe ပါ။ လူတိုင်းက ကိုယ့်​ယုံကြည်​ချက်​နဲ့ကိုယ်​ ရှင်​သန်​ကြတယ်​​လေ" လို့ ဒီဗွီဘီနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောသွားပါတယ်။ ဖိုး​သော်​ဟာ အရင်က ကရာ​တေးဒို၊ မြန်​မာ့လက်​​ဝှေ့​တွေ ကစားဖူးပြီး​ မြန်မာနိုင်ငံမှာ ​​One Championship ပြိုင်​ပွဲ စတင်​ကျင်းပချိန်​မှာ​တော့ MMA ပြိုင်​ပွဲအမျိုးအစားကို ဝင်​​ရောက်​ယှဉ်​ပြိုင်​ ထိုးသတ်​ခဲ့ပါတယ်​။ ထိုးသတ်ခဲ့တဲ့ပွဲတွေမှာ ရှုံးပွဲ တပွဲမှ မရှိ​သေးသလို ပွဲတိုင်းမှာလည်း ၆ ပွဲမှာ ၅ ပွဲဟာ ပထမအချီမှာပဲ အလဲထိုးနဲ့ အနိုင်​ရရှိခဲ့တာပါ​။ လက်​ရှိမှာ​တော့ ဖိုး​သော်ဟာ ​မွေထိုင်းအပြင် က​မ္ဘောဒီးယား ရိုးရာကိုယ်​ခံပညာတမျိုးဖြစ်​တဲ့ ခွန်​ခမာကိုပါ ​လေ့ကျင့်​သင်​ကြားသွားဖို့ ရှိနေပါတယ်​။ ပထမဆုံး ပြည်​ပနိုင်​ငံသားနဲ့ ထိုးသတ်​ခဲ့တဲ့ပွဲမှာ အဖွင့်လှခဲ့တဲ့ ဖိုး​သော်​ကို အနာဂတ်​မှာ​ One Championship အ​နေနဲ့ တခြား ပြည်​ပနိုင်​ငံသား​တွေနဲ့ ဆက်​လက်​ထိုးသတ်​​နိုင်​ဖို့ ပွဲ​တွေ စီစဉ်​​ပေးသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ထက်လူ၊ ဝင်းကျော်သူ၊ ဟေမာဝင်း၊ One Championship

A d v e r t i s e m e n t With Us

More News
Up