A d v e r t i s e m e n t With Us

တွစ်တာအသုံးလျှော့ပြီး များများနားထောင်ရန်လိုဟု သမ္မတထရမ့်ကို ဝါရှင်တန်အုပ်ချုပ်ရေးမှူး ပြော

ဓာတ်ပုံ - Jim Lo Scalzo, EPA-EFE
ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူးက သမ္မတ ထရမ့်ကို တွစ်တာသုံးတာလျှော့ပြီး များများ နားထောင်ဖို့ လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့က အိမ်ဖြူတော်မှာပြုလုပ်တဲ့ သမ္မတ ထရမ့်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ အစည်းအဝေးမှာ ဝါရှင်နယ်ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့ ဒီိမိုကရက်တဦးဖြစ်သူ ဂျေးအင်စလီက ပြောကြားလိုက်တာပါ။ “အဘိုးတဦးအနေနဲ့၊ ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူးအနေနဲ့ အဲဒီဖြစ်ရပ်ကြောင့် ထိခိုက်ခံစားခဲ့ရသူတွေရဲ့ ပြောစကားကို ကျနော်နားထောင်ခဲ့ပါတယ်။ ကျနော် ဇီဝဗေဒ ဆရာ ဆရာမတွေ ပြောတာကို နားထောင်တယ်။ သူတို့ သေနတ်မကိုင်ချင်ကြဘူး။ ပထမတန်းသင် ဆရာ ဆရာမတွေ ပြောတာ နားထောင်ကြည့်တယ်။ သူတို့ ပစ္စတိုကိုင် ဆရာ ဆရာမ မလုပ်ချင်ကြဘူး။ ရဲတပ်ဖွဲ့ကလည်း သူတို့အနေနဲ့ ၆ လလောက်ကြာမယ့် ထရိန်နင်မျိုးကို ဆရာ ဆရာမတွေကို ပေးစရာမလိုဘူးလို့ ပြောကြတယ်။ ကျနော်တို့ဟာ ဆရာ ဆရာမတွေပြောတာ နားထောင်ဖို့လိုပါတယ်။ သူတို့ဟာ စာသင်ဖို့လိုပါတယ်။ ပထမတန်းမှာ သူတို့ကို သေနတ်ကိုင်ရမယ့် တာဝန်မျိုး မပေးသင့်ပါဘူး။ သမ္မတကြီး အကြံပြုတာကို နားလည်ပါတယ်။ ကျနော်တို့ အကြံတွေပြုကြပါတယ်။ ဒီတော့ တွစ်တာသုံးတာ လျှော့ပြီး များများနားထောင်ဖို့လိုတယ်လို့ ကျနော် အကြံပြုပါတယ်။ ဒီအကြောင်း ဆွေးနွေးတာရပ်ပြီး ရှေ့ဆက်ကြပါမယ်” လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး  ဂျေးအင်စလီက ပြောခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်သမ္မတ ထရမ့်ဟာ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလကတည်းက သေနတ်ကိုင်ဆောင်ခွင့်ကို ထောက်ခံခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က လက်နက်ကိုင်ဆောင်တဲ့ ဆရာ ဆရာမတွေဟာ ပရမ်းပတာ သေနတ်ပစ်ခတ်မှုတွေကို တားဆီးနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up