DVB Logo
Home
မြန်မာသတင်း
စမ်းချောင်းဈေးမီးလောင်၊ ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ဆုံးရှုံး
DVB
·
May 18, 2012
စမ်းချောင်းဈေးမီးလောင်၊ ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ဆုံးရှုံး
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေး (ဂွဈေး) မှာ ဒီမနက် အစာပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ စမ်းချောင်မြို့နယ် မီးသတ်ဌာန အရာရှိတဦးက ပြောပါတယ်။

“မီးလောင်တာက ခန့်မှန်း လောင်ချိန် ၁ နာရီ ၅ မိနစ်ပါ။ ကျနော်တို့ သတင်းရတာက ၁ နာရီ ၃၀ မိနစ်မှာပါ။ သတင်းပို့တာ အရမ်းနောက်ကျတယ်။ မီးငြိမ်းသွားတာ ၂ နာရီ ၂၅ မိနစ်မှာပါ။ ၅ ပေပတ်လည် ဆိုင်ခန်းပေါင်း ၂၃၃ ခန်း လောင်ကျွမ်းသွားပါတယ်။”

နံနက် ၁ နာရီလောက်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၂ နာရီခွဲလောက်မှာ မီးငြိမ်းသွားတယ်လို့ မီးသတ်ဌာနက ပြောပါတယ်။ ဒါပေမယ့်  မီးစတင်လောင်ကျွမ်းရခြင်း အကြောင်းရင်းနဲ့ အပျက်အစီးဆုံးရှုံးမှုပမာဏကိုတော့ စာရင်းပြုစုနေဆဲလို့ ဆိုပါတယ်။

ပြည်တွင်းထုတ်  အလဲဗင်းမီဒီယာရဲ့သတင်းဖော်ပြချက်မှာတော့ ဈေးရဲ့'ဃ' ရုံ အတွင်းက ပိုးမွှားသတ်ဆေး Insect Killers ရောင်းချတဲ့ဆိုင်ကနေ စတင် လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

ဒီဂွဈေးကို လွန်ခဲ့တဲ့နှစ်တွေက ပြောင်းရွှေ့ ခိုင်းခဲ့တာ ၃ ကြိမ်ရှိပြီဖြစ်ပေမယ့် ဈေးသည်တွေ မပြောင်းတဲ့အတွက် ရှို့မီးလို့ ယူဆကြောင်း ဈေးသည်တဦးက ပြောပါတယ်။

“တဈေးလုံး ပါသွားတယ်။ ငါးစိမ်းတန်းတော့ ပါတာနည်းတယ်။ အခုဈေးထဲမှာ စစ်ဆေးရေးတွေ လာစစ်နေတယ်။ ပစ္စည်းတွေပါသွားတာကတော့ အလှကုန်ဆိုင်၊ ကုန်ခြောက်ဆိုင်၊ အထည်ဆိုင်တွေပေါ့။ ပစ္စည်းတန်ဖိုးတွေက စစ်ဆေးတုန်းပဲရှိသေးတယ်။ ဘယ်ကစလောင်တာလဲဆိုတာလည်း စစ်ဆေးနေတုန်းပဲ။ ဈေးသည်တွေ အားလုံးကတော့ ရှို့မီးလို့ပဲ ထင်နေကြတယ်။”

ရှမ်းလမ်းဈေးကို ၁၉၅၈ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၃၀၀ကျော် လောက်ရှိပါတယ်။ ဒီဈေးကို အာဏာပိုင်တွေက ပြီးခဲ့တဲ့ သင်္ကြန်နောက်ဆုံးထားပြီး ဖျက်သိမ်းပေးဖို့ ညွှန်ကြားထားတာကြောင့် ဈေးသူဈေးသားတွေက ဈေး ဆက်လက် ရောင်းချခွင့်ရရေး တောင်းဆိုထားတုန်းမှာ ခုလို မီးလောင်မှုဖြစ်ပွားခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013