Home
မြန်မာသတင်း
မွန်​ပြည်​သစ်​ပါတီနှင့် လားဟူဒီမိုကရက်​တစ်​ပါတီတို့ကို UPDJC အဖွဲ့ဝင်​အဖြစ်​ တရားဝင်​လက်​ခံ
အောင်ဆန်းဦး
·
February 28, 2018
မကြာသေးခင်ကမှ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ မွန်​ပြည်​သစ်​ပါတီနဲ့ လားဟူဒီမိုကရက်​တစ်​ပါတီတို့ကို UPDJC အဖွဲ့ဝင်​အဖြစ်​ တရားဝင်​ လက်​ခံလိုက်​ပြီ ဖြစ်​ပါတယ်​။ မွန်​ပြည်​သစ်​ပါတီရဲ့ အမျိုးသားအဆင့် နိုင်​ငံ​ရေး​ဆွေး​နွေးပွဲ လုပ်​​ဆောင်​ဖို့ ကိစ္စမှာ​တော့ မွန်​ပြည်​သစ်​ပါတီနယ်​​မြေဖြစ်​တဲ့ ​ရေးမြို့မှာ ကျင်းပဖို့ ဆုံးဖြတ်​ခဲ့ပြီး RCSS/SSA အဖွဲ့က​တော့ အမျိုးသားအဆင့် နိုင်​ငံ​ရေး​ဆွေး​နွေးပွဲ​အတွက်​ အဆိုပြုချက်​ တင်​ပြထားပြီး နှစ်​ဖက်​​ ခေါင်း​ဆောင်​ပိုင်း​တွေရဲ့ အဆုံးအဖြတ်​ရယူဖို့ သ​ဘောတူညီခဲ့ပါတယ်​။ ​ဖေ​ဖော်​ဝါရီ ၂၈ ရက်​​မှာ​တော့ JICM အစည်းအ​ဝေး ကျင်းပသွားမှာဖြစ်​ပြီး နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​နဲ့ ​ဒုတိယတပ်​မ​တော်​ကာကွယ်​​ရေးဦးချုပ်​တို့ တက်​​ရောက်​မယ်​လို့လည်း သိရပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024