A d v e r t i s e m e n t With Us

ရှက်ဖီးဝမ့်စ်ဒေးကို ၂ ဂိုးပြတ်ဖြင့်နိုင်ပြီး ဆွမ်ဆီး အက်ဖ်အေဖလား နောက်တဆင့်တက် (ရုပ်သံဟိုက်လိုက်)

အင်္ဂလန် အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် ဆွမ်ဆီးနဲ့ ချန်ပီယံရှစ်ကလပ် ရှက်ဖီးဝမ့်စ်ဒေးတို့ မနေ့က ယှဉ်ပြိုင်ရာ ဆွမ်ဆီးက နှစ်ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။ ဒီနှစ်သင်း ဖေဖော်ဝါရီ ၁၇ ရက်က ယှဉ်ပြိုင်ခဲ့ရာမှာ တဖက်နဲ့တဖက် ဂိုးမရှိသရေကျခဲ့လို့ အခုလို ပြန်ကန်ခဲ့ရတာပါ။ ဆွမ်ဆီးဟာ ဒီနေ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းခွင့်မှာပါ အသာစီးယူ ကစားသွားနိုင်ခဲ့ပါတယ်။ ပွဲချိန် ပထမပိုင်းမှာတော့ တဖက်နဲ့တဖက် အပြန်အလှန် ကစားခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘဲ သရေကျခဲ့ပါတယ်။ ဆွမ်ဆီးအသင်းဟာ ဒုတိယပိုင်းမှာ တိုက်စစ်မှူး ဂျော်ဒန်အာယူးကို ထည့်သွင်းကစားခဲ့ပြီးနောက် အဖွင့်ဂိုးကိုလည်း သူကပဲ ပွဲချိန် ၅၅ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒီနောက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကိုတော့ ပွဲချိန် မိနစ် ၈၀ မှာ ဒိုင်ယာက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ ဆွမ်ဆီးအသင်းဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီး ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ရော့ခ်ျဒေးလ်နဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ရဲ့ ပြန်ကန်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ လာမယ့် မတ်လ ၁၇ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up