DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံထဲခိုးဝင်လာသူ မြန်မာအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးခံရ
DVB
·
May 18, 2012
ထိုင်းနိုင်ငံထဲခိုးဝင်လာသူ မြန်မာအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးခံရ
Donate to DVB

မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲမှာ လာရောက် အလုပ်လုပ်ဖို့ ကြိုးစားတဲ့  တရားမ၀င် အလုပ်သမားပေါင်း ၁၀၀  ကျော်ကို ထိုင်းစစ်တပ်က ၀င်ရောက်ဖမ်းဆီးခဲ့တယ်လို့   ထိုင်းနိုင်ငံထုတ် ထိုင်းရတ်အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

[caption id="attachment_25594" align="alignleft" width="300" caption="ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများ (ဧာတ်ပုံ - thairath)"][/caption]

ထိုင်းနိုင်ငံ အနောက်မြောက်ဘက်  ကမ်ဖိုင်ဖိတ်ခရိုင် ခလောင်း ကန်မြို့နယ် ပုန်နမ့်လွန့် ဒေသ ထဲက တောတွင်း တနေရာမှာ အလုပ်သမားတွေ ပုန်းခိုနေတယ် ဆိုတဲ့ သတင်းပေးချက် အရ ထိုင်းနယ်ခြားစောင့် တပ်၊ ပြည်သူ့စစ် နဲ့ နယ်မြေခံရဲတွေ ပူးပေါင်းပြီး မေ ၁၆ ရက်နေ့ မှာ သူတို့ကို ၀င်ရောက် ဖမ်းဆီးခဲ့တာဖြစ် တယ်။

အဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၁၂၀၊ အမျိုးသမီး ၁၆ ဦးပါဝင်ပြီး အများစုဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် က လာတာဖြစ်တယ်။ ဘန်ကောက်နဲ့ တခြားခရိုင်တွေမှာ အလုပ်လုပ်ကိုင်ဖို့ အတွက်  တဦးကို ဘတ်ငွေ  ၁၇၀၀၀ နှုန်းနဲ့ ပွဲစားက ခေါ်ခဲ့ပြီး အလုပ်ရရင် လစာကနေပြန်ြ ဖတ်ယူဖို့ သဘောတူထားတယ် လို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို လိုအပ်သလိုအရေးယူပြီးရင်  နယ်စပ်ပြန်ပို့ဖို့ စီစဉ်နေကြောင်း ခလောင်းကန် ရဲစခန်းက တာဝန်ကျရဲအရာရှိ တဦးက ထိုင်းရတ် သတင်းဌာနကို ပြောသွားပါတယ်၊

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013