A d v e r t i s e m e n t With Us

ဆီးဂိမ်းအတွက် မြန်မာကရာတေးဒို အားကစားအဖွဲ့ အချိန်ယူ ပြင်ဆင်သွားမည်

ကရာ​တေးဒိုအားကစားအဖွဲ့ဟာ လာမယ့် ဖိလစ်​ပိုင်​ဆီးဂိမ်းအတွက်​ တနှစ်​ခွဲကြာ အချိန်​ယူ​လေ့ကျင့် ပြင်​ဆင်​သွားမယ်​လို့ နည်းပြ ဦးထိန်​ဝင်းမြင့်က ​ပြောပါတယ်​။ ကရာ​တေးဒိုအားကစားအဖွဲ့ဟာ မျိုးဆက်​သစ်​ကစားသမား​တွေနဲ့ ပြန်​ဖွဲ့စည်းမှာ ဖြစ်​တာ​ကြောင့် လာမယ့် ဖိလစ်​ပိုင်​ဆီးဂိမ်းမှာ ဆုတံဆိပ်​​မျှော်​မှန်းချက် ​သိပ်​မထားနိုင်​ဘူးလို့လည်း ဆိုပါတယ်​။ ကြားပွဲစဉ်​​တွေဖြစ်​တဲ့ ထိုင်းအိုးပင်း၊ မြန်မာနိုင်​ငံက အိမ်​ရှင်​အဖြစ်​ လက်​ခံကျင်းပမယ့် ​အာဆီယံ တက္ကသိုလ်​​ပေါင်းစုံပြိုင်​ပွဲ​တွေကို ဝင်​​ရောက်​ယှဉ်​ပြိုင်​ပြီး အဓိက ဖိလစ်​ပိုင်​ဆီးဂိမ်း အတွက်​ ပြင်​ဆင်​သွားမှာဖြစ်​တယ်​လို့ သိရပါတယ်​။ ကရာ​တေးဒိုအားကစားအဖွဲ့ဟာ လက်​ရှိမှာ​တော့ ပြည်​တွင်းပြိုင်​ပွဲ​တွေကျင်းပပြီး ကစားသမားသစ်​​တွေ ရှာ​ဖွေ​နေပါတယ်​။ ပြည်​ပပြိုင်​ပွဲ​တွေ အများအပြား ​စေလွှတ်​ယှဉ်​ပြိုင်​နိုင်​ခြင်း မရှိရင်​​တော့ ​အောင်​မြင်​မှု​တွေ ရရှိဖို့ ခက်​ခဲ​နေဦးမှာဖြစ်​တယ်​လို့ နည်းပြ ဦးထိန်​ဝင်းမြင့်က ဆိုပါတယ်​။ ကရာ​တေးဒိုအားကစားအဖွဲ့ဟာ ပြီးခဲ့တဲ့ မ​လေးရှားဆီးဂိမ်းမှာ​တော့ ​အောင်​မြင်​မှု​တွေ ​လျော့ကျခဲ့သလို ​ကြေးတံဆိပ်​ ၄ ဆုသာ ရရှိခဲ့ပါတယ်​။

A d v e r t i s e m e n t With Us

More News
Up