Home
မြန်မာသတင်း
မကွေးတိုင်း မြို့သစ်မြို့နယ်တွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်တချို့ ဆုံးရှုံး
ဇော်ဖေ
·
February 27, 2018
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၊ ဆူးတပ်ကြီးကျေးရွာမှာ ဖေဖော်ဝါရီ ၂၆ ရက် ည ၈ နာရီလောက်က မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ ၂၇ လုံး မီးလောင်ဆုံးရှုံးသွားပါတယ်။ ဆူးတပ်ကြီးကျေးရွာနေ တောင်သူ ဒေါ်ကြည်ဝင်းရဲ့သမီး မသင်း (စိတ်ကျန်းမာရေးမကောင်းသူ) ဟင်းချက်ပြုတ်ရာကနေ လေးပင်ပတ်လည် သွပ်မိုး၊ ပျဉ်ခင်း ထရံကာ အိမ်ကို မီးစွဲလောင်ခဲ့ပြီး အနီးအနား အိမ်တွေပါ မီးလောင်ကျွမ်းခဲ့တာပါ။ မီးလောင်မှုကြောင့် အိမ်ခြေ ၂၇ လုံး၊ ဝက် ၃ ကောင် မီးထဲပါသွားပြီး ခန့်မှန်းခြေ ကျပ် ၁၀၅ သိန်းဖိုးလောက် မီးလောင်ဆုံးရှုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။ မီးလောင်မှုကို မြို့သစ်၊ နတ်မောက်၊ တောင်တွင်းကြီးမြို့နယ်တို့က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တွေနဲ့ ကျေးရွာသူကျေးရွာသားတွေက ဝိုင်းဝန်းငြှိမ်းသတ်ရာ ည ၉ နာရီ ၄၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး မီးပေါ့ဆစွာသုံးစွဲခဲ့တဲ့ မသင်းကို မြို့သစ်မြို့နယ်၊ ဒန့်ဒလွန်ပင်နယ်မြေ ရဲစခန်းမှာ (ပ)၉/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ သတင်း၊ ဓာတ်ပုံ - ဇော်ဖေ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024