DVB Logo
Home
မြန်မာသတင်း
မန္တ​လေး​တွင် ​ရေမလာ၊​ မီး​ပျက်၊​ ဖုန်း​လိုင်း​ပျက်​နေ
DVB
·
May 17, 2012
Donate to DVB

အထက်မြန်မာနိုင်ငံ မန္တ​လေး​မြို့​မှာ ​ရေမီး​မလာတာနဲ့​ လက်ကိုင်ဖုန်း​လိုင်း​ ပျက်​နေတာ​တွေ ကြုံ​တွေ့​နေရပါတယ်။

အထက်မြန်မာပြည် မြို့​တော် မန္တ​လေး​မှာ ခုရက်ပိုင်း​တွေအတွင်း​ ပုံမှန်လျှပ်စစ်မီး​ မလာ​တော့​တဲ့​အတွက် ​သောက်​ရေသုံး​ရေပါ အခက်အခဲ ဖြစ်လာတယ်လို့​ မန္တ​လေး​မြို့​ခံ​တွေက ​ပြောကြပါတယ်။

မြို့​ခံသတင်း​သမား​တဦး​ဖြစ်တဲ့​ မင်း​ထက်ငြိမ်း​ချမ်း​က “လူကြီး​တွေ၊​ သက်ကြီး​ရွယ်အို​တွေ အခုလို အပူချိန် ပြင်း​ထန်တဲ့​အတွက် ဒုက္ခ​ရောက်​နေတဲ့​ အချိန်မှာ ​ရေမလာဘူး​၊​ မီး​မလာဘူး​၊​ ပန်ကာဖွင့်​မရဘူး​၊​ အဲယား​ကွန်း​ ဖွင့်​မရဘူး​၊​ ​ရေခဲ​သေတ္တာသုံး​မရ​တော့​ အစား​အ​သောက်​တွေ ပျက်စီး​တယ်။ ဘထ္ထရီ​တွေ မီး​အား​သွင်း​လို့​မရဘူး​။ မီး​လောင်တာ​တွေ ခဏခဏ ဖြစ်တယ်။ မီး​လာတဲ့​အချိန်ကို စုပြုံပြီး​ အား​သွင်း​ရတယ်။ လုပ်ရတယ်။ မီး​ကလည်း​ ပျက်၊​ ​ရေကလည်း​ ပြတ် ဆို​တော့​ ​ရေမသန့်​တာ​တွေ သုံး​ပြီး​ အ​ရေပြား​တွေ ယား​တာ​တွေ၊​ အဖု​ပေါက်တာ​တွေ ဖြစ်တယ်။ ကျုံး​ရေကလည်း​ အရင်လို လုံလုံ​လောက်​လောက် မရ​တော့​ဘူး​” လို့​ ​ပြောပါတယ်။

မန္တ​လေး​မှာ တ​နေ့​ကို ပုံမှန်​ပေး​နေကျ ၁၂ နာရီအစား​ ၄ နာရီ​လောက်သာ မီး​ရတဲ့​အတွက် မန္တ​လေး​မြို့​က အ​သေး​စား​ စီး​ပွား​ရေး​လုပ်ငန်း​တွေ အများ​ကြီး​ ထိခိုက်နစ်နာရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

မီး​ပျက်ရတဲ့​အ​ကြောင်း​ရင်း​ကို မန္တ​လေး​တိုင်း​ လျှပ်စစ်ဌာနကို ဆက်သွယ် ​မေး​မြန်း​ပေမယ့်​ တာဝန်ခံ ​ဖြေဆိုမယ့်​သူ မရှိခဲ့​ပါဘူး​။

မန္တ​လေး​မြို့​မှာ လျှပ်စစ်မီး​နဲ့​ ​ရေမလာသလို တချိန်တည်း​မှာပဲ ဒီ​နေ့​ မိုဘိုင်း​ လက်ကိုင်ဖုန်း​တွေ ၈ နာရီ​လောက် ဆက်သွယ်မရဘူး​လို့​ သိရပါတယ်။

မန္တ​လေး​မြို့​က နှုတ်ခမ်း​မွေး​ပါပါ​လေး​အငြိမ့်​အဖွဲ့​ နာမည်​ကျော်လူရွှင်​တော် ဦး​လူ​မော်က “မန္တ​လေး​မြို့​မှာ မီး​ကလည်း​လန့်​၊​ ​ရေကလည်း​ပြတ်။ အဲ့​တော့​ အား​လုံး​ ဒုက္ခ​ရောက်​နေကြတယ်။ မီး​မလာတာ ဘာ​ကြောင့်​မလာတဲ့​အ​ကြောင်း​ ပြည်သူကို ရှင်း​လင်း​ တင်ပြသင့်​တယ်​ပေါ့​။ မန္တ​လေး​လူထုကလည်း​ သိချင်တယ်​လေ။ ​ရေ၊​ မီး​၊​ ဖုန်း​ကိစ္စ​တွေ​ပေါ့​။ ပြည်သူကို ​လေး​စား​သင့်​တယ်”လို့​ ​ပြောပါတယ်။

အလား​တူ စစ်ကိုင်း​တိုင်း​၊​ မုံရွာခရိုင်၊​ ကနီမြို့​နယ်၊​ မုံရွာ-က​လေး​ဝ လမ်း​မတ​လျှောက် ​ကျေး​ရွာ​တွေမှာ ​သောက်သုံး​ရေ ပြတ်လပ်မှု​တွေ ကြုံ​နေရတယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

မုံရွာက​လေး​ဝ လမ်း​တ​လျှောက် ၂၆ မိုင်က​နေ ၃၁ မိုင်အတွင်း​ ရွာ​တွေမှာ ​ရေရှား​နေတာပါ။ ​သောက်သုံး​ရေကန်​တွေ ခန်း​ခြောက်လာပြီး​ ​သောက်သုံး​ရေ အခက်အခဲ​တွေလည်း​ ဖြစ်​နေကြပါတယ်။ တ​နေ့​ထက်တ​နေ့​ ကန်​ရေ​တွေ ခန်း​ခြောက် လာ​နေတာမို့​ ​ရေ အလှူရှင်​တွေလည်း​ လိုအပ်​နေတယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013