A d v e r t i s e m e n t With Us

ၾသစေၾတးလ် ဒု-ဝန်ကြီးချုပ်သစ်အဖြစ် မိုက်ကယ်မက်ကောမက်အား ရွေးချယ်

ဓာတ်ပုံ - ရိုက်တာ
သြစတြေးလျနိုင်ငံရဲ့ ဒု-ဝန်ကြီးချုပ်သစ်အဖြစ် မိုက်ကယ်မက်ကောမက်ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။ ဒု-ဝန်ကြီးချုပ်ဟောင်း ဘာနာဘီဂျွိုက်စ် နေရာအတွက် မက်ကောမက်ကို ဖေဖော်ဝါရီ ၂၆ ရက်က ရွေးချယ်တင်မြှောက်လိုက်တာပါ။ “ဖက်ဒရယ်နေရှင်နယ်ပါတီ အကြီးအကဲအနေနဲ့ ခေါင်းဆောင်ကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ ဂျော့ခ်ျခရစ်ရှန်ဆန်နဲ့ မိုက်ကယ်မက်ကောမက်တို့နှစ်ဦး ယှဉ်ပြိုင်ခဲ့ပြီး မက်ကောမက် ရွေးချယ်တင်မြှောက်ခံရပါတယ်” လို့ သြစတြေးလျ အမျိုးသားပါတီ အကြီးအကဲ မစ်ရှယ်လန်ဒရီက ပြောကြားခဲ့ပါတယ်။ “ကျနော့်အပေါ် ယုံကြည်ပြီး တာဝန်ပေးတာကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်သွားမှာပါ။ ကျနော်ဟာ အဖွဲ့ဝင်တယောက်ပါ။ သြစတြေးလျ ကျေးလက်နဲ့ ဒေသအတွက် အကောင်းဆုံးအဖွဲ့နဲ့အတူ လုပ်ဆောင်သွားပါ့မယ်။ နိုင်ငံ့အကျိုးစီးပွား အထူးသဖြင့် ဒီ ကင်ဘာရာမှာရှိတဲ့ ကျေးလက်၊ တောရွာ၊ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်ကြသူတွေအတွက် လုပ်ဆောင်သွားမှာပါ။ ကင်ဘာရာကိုလာပြီး ကျနော်တို့ ပြည်သူတွေအတွက် အကောင်းဆုံး လုပ်ဆောင်ကြပါစို့” လို့ ရွေးကောက်ခံ မိုက်ကယ်မက်ကောမက်က ပြောကြားခဲ့ပါတယ်။ မိုက်ကယ်မက်ကောမက်ဟာ သြစတြေးလျ အမျိုးသားပါတီ ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရပြီးနောက် ဒု-ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up