DVB Logo
Home
မြန်မာသတင်း
ဒု-သမ္မတ ဦး​တင်​အောင်မြင့်​ဦး​ နုတ်ထွက်မှု တရား​ဝင်သတင်း​ထုတ်ပြန်​ပေး​ရန် ​တောင်း​ဆို
DVB
·
May 17, 2012
ဒု-သမ္မတ ဦး​တင်​အောင်မြင့်​ဦး​ နုတ်ထွက်မှု တရား​ဝင်သတင်း​ထုတ်ပြန်​ပေး​ရန် ​တောင်း​ဆို
Donate to DVB

ဒု-သမ္မတ ၁ သီဟသူရ ဦး​တင်​အောင်မြင့်​ဦး​ ရာထူး​က နုတ်ထွက်သွား​ပြီလို့​ သတင်း​တွေ ထွက်​ပေါ်ပြီး​ ​နောက်ပိုင်း​ သမ္မတက တာဝန်ခံမှု အပြည့်​နဲ့​ သတင်း​ထုတ်ပြန်​ပေး​ဖို့​ လွှတ်​တော်ကိုယ်စား​လှယ်အချို့​က ​တောင်း​ဆို လိုက်ကြပါတယ်။

[caption id="attachment_25573" align="alignright" width="300" caption="ဒု-သမ္မတ ၁ ဦးတင်အောင်မြင့်ဦး​"][/caption]

ဒု-သမ္မတ ၁ ဦး​တင်​အောင်မြင့်​ဦး​ ကျန်း​မာ​ရေး​ကြောင့်​ ရာထူး​က နုတ်ထွက်စာ တင်ထား​တယ်လို့​ သတင်း​တွေ ထွက်​ပေါ်ခဲ့​ပြီး​ သမ္မတအ​နေနဲ့​ ဒီနုတ်ထွက်စာကို တရား​ဝင် အသိအမှတ်ပြု လက်မခံ​သေး​တာဟာ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေအရ ၂၁ ရက်အတွင်း​ လွှတ်​တော်ပြန်လည်​ခေါ်ယူပြီး​ ဒု-သမ္မတ ​နေရာကို ​ရွေး​ကောက် တင်​မြှောက်ရမယ်ဆိုတဲ့​ အချက်​ကြောင့်​ တရား​ဝင် ထုတ်ပြန် ​ကြေညာတာမျိုး​ မရှိ​သေး​တာပါ။

ဒါနဲ့​ပတ်သက်ပြီး​ အမျိုး​သား​လွှတ်​တော် ဥပ​ဒေမူကြမ်း​ ​ကော်မတီအဖွဲ့​ဝင် ​ဒေါက်တာမြတ်ဥာဏစိုး​က “ဒုတိယ သမ္မတ (၁) က ကျန်း​မာ​ရေး​အရ အနား​တောင်း​ထား​တယ်ဆိုတာက​တော့​ ​သေချာသ​လောက်ပါပဲ။ အဲဒီ​တော့​ တရား​ဝင်ထုတ်ပြန်​ကြေညာခြင်း​ မရှိ​သေး​ဘူး​ဆိုတာက​တော့​၊​ တရား​ဝင် ဒါကို လက်ခံလိုက်ပြီဆိုရင် ကျ​နော်တို့​က ၂၁ ရက်အတွင်း​မှာကို လွှတ်​တော်ပြန်​ခေါ်ရမယ့်​ အ​နေအထား​မျိုး​ပါ။ ဒါ​ကြောင့်​မို့​လို့​ ဒီဟာ​လေး​ကို​တော့​ သမ္မတကြီး​က ထုတ်ပြန် မ​ကြေညာထား​သေး​ဘူး​လို့​ ထင်ပါတယ်” လို့​ ​ပြောပါတယ်။

သမ္မတအ​နေနဲ့​ ဒီနုတ်ထွက်လွှာကို လက်ခံ လက်မခံ တရား​ဝင် ထုတ်ပြန်​ကြေညာ​ပေး​ဖို့​ လိုအပ်တယ်လို့​ အမျိုး​သား​လွှတ်​တော် နိုင်ငံသား​များ​ရဲ့​ မူလအခွင့်​အ​ရေး​၊​ ဒီမိုက​ရေစီ​ရေး​နှင့်​ လူ့​အခွင့်​ရေး​ကော်မတီ ဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က ဆိုပါတယ်။

“အစိုး​ရအဖွဲ့​က ထုတ်ပြန်မှပဲ တရား​ဝင်သိတာ​လေ။ ဒီလိုမျိုး​ ပြင်ပမှာ ​ကောလာဟလပဲ ဖြစ်ဖြစ်​ပေါ့​နော် အယူအဆမျိုး​စုံ မီဒီယာ​တွေမှာ ထွက်​နေတယ်ဆိုရင် အစိုး​ရအဖွဲ့​ရဲ့​ တာဝန်က​တော့​ဖြင့်​ ဒါ ပြည်သူ​တွေ အမှန်ဘက်ကို သိ​အောင် ပြည်သူ​တွေ ရှင်း​ရှင်း​လင်း​လင်း​သိ​အောင် သူတို့​ပြောကြား​တဲ့​ ပွင့်​လင်း​မြင်သာမှု​ပေါ့​။ ဒါ​တွေကို လူထုကြား​ထဲကို အမှန်တခု တင်လည်း​ တင်ထား​တယ်၊​ ဒီလို သုံး​သပ်​နေတယ်၊​ သတင်း​စာရှင်း​လင်း​ပွဲ မလုပ်နိုင်ရင်​တောင်မှ​လေ။ လက်ခံလည်း​ လက်ခံတယ်၊​ လက်မခံရင်လည်း​ လက်မခံဘူး​။ ဒါကို နိုင်ငံအကျိုး​အတွက် အကုန်လုံး​ အကျိုး​အတွက်​လေ ထုတ်ပြန်​ပေး​သင့်​တဲ့​ သ​ဘောလို့​ ကျ​နော် သ​ဘောရပါတယ်။”

လစ်လပ်သွား​မယ့်​ ဒုတိယသမ္မတ ၁ သီဟသူရဦး​တင်​အောင်မြင့်​ဦး​ရဲ့​ ​နေရာကို ဒုတိယသမ္မတ ၂ အဖြစ် တာဝန်ထမ်း​ဆောင်​နေတဲ့​ ​ဒေါက်တာ စိုင်း​မောက်ခမ်း​က ဥပ​ဒေအရ လွှဲ​ပြောင်း​တာဝန်ထမ်း​ဆောင်ရမှာပါ။

ဒေါက်တာစိုင်း​မောက်ခမ်း​ရဲ့​ ဒုတိယသမ္မတ ၂ ​နေရာအတွက် ကာကွယ်​ရေး​ဦး​စီး​ချုပ်က အမည်စာရင်း​တင်သွင်း​ ခန့်​အပ်ထား​တဲ့​ တပ်မ​တော်သား​ လွှတ်​တော်ကိုယ်စား​လှယ် ၂၅ ရာခိုင်နှုန်း​ အစုအဖွဲ့​က တင်​မြှောက်ကြရမှာ ဖြစ်ပါတယ်။

ဒီလို ဒုတိယသမ္မတ ၂ ​နေရာ တင်​မြှောက်မယ့်​အ​ပေါ် ဘယ်လို ပုဂ္ဂိုလ်မျိုး​ ဖြစ်လာမလဲ ဆိုတာ စိတ်ဝင်စား​စရာ ​ကောင်း​နေတဲ့​အ​ပေါ်ကိုလည်း​ ​ဒေါက်တာ​အေး​မောင်က အခုလို​ပြောပါတယ်။

“သမ္မတကြီး​ ပြီး​ခဲ့​တဲ့​ကာလ​လေး​က ​ပြောခဲ့​တဲ့​ မိန့်​ခွန်း​လေး​တွေက​တော့​ စိတ်ဝင်စား​ဖို့​ ​ကောင်း​ပါတယ်။ ပြုပြင်​ပြောင်း​လဲလိုတဲ့​ ဥစ္စာ​လေး​နဲ့​ မပြုပြင် မ​ပြောင်း​လဲလိုတဲ့​ ဥစ္စာ​လေး​ နှစ်ခုရဲ့​ ခြား​နား​ခြင်း​ကို သူညွှန်း​တာ ရှိတယ်။ တကယ်လို့​များ​ ဒုတိယ သမ္မတ တဦး​ဦး​ကို အစား​သွင်း​ဖို့​ လိုမယ်ဆိုရင် ပြုပြင်​ပြောင်း​လဲ လိုတဲ့​ပုဂ္ဂိုလ်၊​ ​ပျော့​ပျောင်း​တဲ့​ ပုဂ္ဂိုလ်၊​ တပ်မ​တော်နဲ့​ပတ်သက်လို့​ နီး​စပ်တဲ့​ ပုဂ္ဂိုလ်၊​ တပ်မ​တော်အ​ပေါ်မှာလည်း​ပဲ ယုံကြည်သလို၊​ တပ်မ​တော်က ​လေး​စား​တဲ့​ ပုဂ္ဂိုလ်လည်း​ ဖြစ်လာမယ်လို့​ ထင်ပါတယ်။ ​ပျော့​ပျောင်း​ပြီး​ကာမှ သမ္မတကြီး​နဲ့​လည်း​ လက်တွဲနိုင်တဲ့​ ပုဂ္ဂိုလ်၊​ အကုန်လုံး​ နှစ်ဦး​နှစ်ဖက် အပြန်အလှန်​လေး​စား​မှု ရှိတဲ့​ ပုဂ္ဂိုလ်မျိုး​ကို ​ရွေး​ပေး​နိုင်ကြမယ်လို့​လည်း​ ထင်တယ်​လေ။ လွှတ်​တော်အမတ်​တွေ အကုန်လုံး​လက်ခံနိုင်တဲ့​ ပုဂ္ဂိုလ် ဖြစ်ဖို့​လည်း​ ကြိုး​စား​မယ် ထင်ပါတယ်။”

ဒုတိယသမ္မတ ဘယ်သူဖြစ်မလဲဆိုတဲ့​အ​ပေါ် ခန့်​မှန်း​မှု​တွေ အမျိုး​မျိုး​ ရှိ​နေတဲ့​ထဲက ​ဒေါက်တာ မြတ်ဥာဏစိုး​က သူ့​ရဲ့​ခန့်​မှန်း​ချက်ကိုလည်း​ အခုလို ​ပြောဆိုထား​ပါတယ်။

“ကျ​နော် တဦး​တည်း​ အမြင်ကို ​ပြောရရင်​တော့​ လက်ရှိမြန်မာနိုင်ငံမှာ သမ္မတကြီး​ကလည်း​ တကယ့်​ကို ပြုပြင်​ပြောင်း​လဲ​ရေး​ကို ​ဖော်​ဆောင်​နေတာ​တော့​ ရှိပါတယ်။ တဖက်မှာလည်း​ လွှတ်​တော် ဥက္ကဋ္ဌ​တွေကလည်း​ ဒါ​တွေကို ​ဆောင်ရွက်​နေပါတယ်။ ​နောက်တခါ ကျ​နော်တို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ ​ဆောင်ရွက်​နေတယ်​ပေါ့​။ သုံး​ဦး​သုံး​ဖလှယ်ရဲ့​ သား​ရွှေအိုး​ထမ်း​တဲ့​ ပုံစံမျိုး​ ဖြစ်နိုင်တာက​တော့​ ဥပမာ သူရဦး​ရွှေမန်း​ကို တပ်မ​တော်သား​ကိုယ်စား​လှယ်များ​က ဒု-သမ္မတအဖြစ် ​ရွေး​ချယ်လိုက်မယ်ဆိုရင် လွှတ်​တော်ဥက္ကဋ္ဌ​နေရာက လစ်လပ်သွား​မှာပါ။ အဲဒီ​တော့​ လွှတ်​တော်ဥက္ကဋ္ဌ ​နေရာမှာ​တော့​ ​ကော့​မှူး​မြို့​နယ်က ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဖြစ်တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်က​နေပြီး​တော့​ ဒီ​နေရာမှာ အများ​သ​ဘောတူတယ်ဆိုရင်​ပေါ့​ လွှတ်​တော်ကိုယ်စား​လှယ် အများ​စုက သ​ဘောတူတယ်ဆိုရင် တာဝန်ထမ်း​ဆောင်လို့​ ရပါတယ်။”

ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေ အခန်း​ (၃) နိုင်ငံ​တော်အကြီး​အကဲ (နိုင်ငံ​တော်သမ္မတနှင့်​ ဒုတိယသမ္မတများ​) ဆိုတဲ့​ အခန်း​ရဲ့​ ပုဒ်မ ၇၂ နှစ်မှာ​တော့​ သမ္မတနဲ့​ ဒုတိယသမ္မတ​တွေဟာ မိမိသ​ဘောဆန္ဒ​တွေအရ သက်တမ်း​မကုန်ဆုံး​မီ ရာထူး​က နုတ်ထွက်လိုရင် နုတ်ထွက်ခွင့်​ရှိတယ်လို့​ ​ဖော်ပြထား​ပါတယ်။

အဲ့​ဒီလို နုတ်ထွက်တာနဲ့​ ပတ်သက်ပြီး​ ပုဒ်မ ၇၃ ရဲ့​ အပိုဒ်ခွဲ (စ) မှာ လွှတ်​တော်အစည်း​အ​ဝေး​ ကျင်း​ပ​နေချိန် နုတ်ထွက်ရင် တပတ်ကြိုတင်ပြီး​ သမ္မတက ပြည်​ထောင်စု လွှတ်​တော်နာယကကို အ​ကြောင်း​ကြား​ဖို့​ ပြဋ္ဌာန်း​ထား​ပါတယ်။ အပိုဒ်ခွဲ (ဆ) မှာ​တော့​ လွှတ်​တော်အစည်း​အ​ဝေး​ ရပ်နား​နေချိန်မှာ နုတ်ထွက်ခဲ့​ရင် ပြည်​ထောင်စုလွှတ်​တော် အကြီး​အကဲက သမ္မတရဲ့​ အ​ကြောင်း​ကြား​စာကိုရရှိပြီး​ ၂၁ ရက်အကြာမှာ လွှတ်​တော်​ခေါ်ယူပြီး​ ပြန်လည်အစား​ထိုး​ တင်​မြှောက်ရမယ်လို့​ ပြဋ္ဌာန်း​ထား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013