A d v e r t i s e m e n t With Us

နွေဦးပွဲတော်အတွက် အိန္ဒိယပြည်သူများ ပြင်ဆင်

ဓာတ်ပုံ - ရိုက်တာ
အိန္ဒိယနိုင်ငံတလွှားက ပြည်သူတွေဟာ နွေဦးပွဲတော် (Holi) ကျင်းပဖို့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က စပြီး ပြင်ဆင်နေကြပါတယ်။ နှစ်စဉ် တနှစ်မှာ တရက်တည်း ကျင်းပနေကျ နွေဦးပွဲတော်ဖြစ်တဲ့ Holi ပွဲတော်ဟာ  မတ်လ ၁ ရက်နေ့ ကျရောက်မှာပါ။ ဒီပွဲတော်ဟာ ခွင့်လွှတ်မှု၊ ခင်မင်ရင်းနှီးမှု ပြန်တည်ဆောက်ခြင်းနဲ့ မကောင်းဆိုးဝါးကို လူကောင်းက အနိုင်ရမှုတွေ ကိုယ်စားပြုပါတယ်။ Holi ရဲ့ အဓိပ္ပာယ်ဟာ အရောင်တွေရဲ့ အားလပ်ရက်အဖြစ် ရည်ညွှန်းပါတယ်။ အိန္ဒိယရဲ့ ဘာသာရေးမြို့ ဗာရန်စိုင်း (Varansai) မှာ ဒေသခံတွေဟာ ရောင်စုံအဝတ်တွေကိုဝတ်ပြီး ကျေးလက်သီချင်းတွေကို သီဆိုရင်း ဟိန္ဒူနတ်ဘုရား ရှီဗာအတွက် အစဉ်အလာ ကန်တော့တဲ့ မုန့်တွေ၊ စားကောင်းသောက်ဖွယ်တွေကို လှူဒါန်း စားသုံးကြပါတယ်။ “ဗာရန်စိုင်းမှာ ကျင်းပတဲ့ နွေဦးအရောင်ပွဲတော်ဟာ အများကြီး အရေးကြီးတယ်။ သမိုင်းဝင် အထင်ကရ နေရာလည်း ဖြစ်တယ်။ ကမ္ဘာလှည့်ခရီးသည်တွေ လူမျိုးပေါင်းစုံလည်း အရောင်တွေနဲ့ကစားဖို့ လာကြတယ်။ ဒါကြောင့် ဗာရန်စိုင်းက ပွဲတော်ဟာ နိုင်ငံထဲက တခြားနေရာတွေ အားလုံးနဲ့ မတူဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။ ဟိမဝန္တာဒေသ ဥတ်တျာခန်းပြည်နယ်မှာ ဒေသခံ အမျိုးသမီးတွေက ပွဲတော်မှာ အစဉ်အလာအရ ပက်ကျဲမယ့် အရောင်မှုန့်တွေကို သဘာဝအရင်းအမြစ်တွေဖြစ်တဲ့ ပန်းတွေ၊ ဘယ်ရီသီးတွေနဲ့ တခြားအပင်တွေဆီကနေ ထုတ်ယူ ပြင်ဆင်နေကြတာပါ။ ဈေးထဲကိုသွားရင် အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေနဲ့ ညစ်ညမ်းနေတဲ့ အရောင်မှုန့်တွေကို ရမယ်။ ဒါကြောင့် အိမ်မှာတင် သစ်ပင်ကရတဲ့ အရောင်တွေကို ပြင်ဆင်ဖို့ တွေးမိတယ်။ ဝင်ငွေအရင်းအမြစ်လည်း ပေးတယ်လို့ ဒေသခံ အမျိုးသမီး ရှီခါက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up