DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြအလုပ်သမား​များ​ကို အလုပ်ထုတ်ပစ်မည်ဟု ခြိမ်း​ခြောက်
DVB
·
May 17, 2012
ဆန္ဒပြအလုပ်သမား​များ​ကို အလုပ်ထုတ်ပစ်မည်ဟု ခြိမ်း​ခြောက်
Donate to DVB

ရန်ကုန်တိုင်း​၊​ လှိုင်သာယာစက်မှုဇုန်မှာ မ​နေ့​ကတည်း​က လုပ်ခလစာတိုး​မြှင့်​ရရှိဖို့​ ဆန္ဒပြ​နေကြတဲ့​ အလုပ်သမား​တွေကို အလုပ်ရှင်​တွေဘက်က ၃ ရက်အချိန်​ပေး​လိုက်ပြီး​ ၃ ရက်အတွင်း​ အလုပ်ပြန်မဆင်း​ရင် အလုပ်ထုတ်ပစ်မယ်လို့​ ခြိမ်း​ခြောက် ​ပြောဆိုလိုက်ပါတယ်။

[caption id="attachment_25567" align="alignleft" width="300" caption="Pearl Garment စက်ရုံအလုပ်သမားများ ဆန္ဒပြနေစဉ်"][/caption]

စပယ်ပွင့်​၊​ ပုလဲနဲ့​ ​နေလင်း​အောင် အထည်ချုပ်စက်ရုံ ၃ ခုက အလုပ်သမား​ ၂ ​ထောင်​ကျော်ဟာ ဒီ​နေ့​မှာလည်း​ အချိန်ပို​ကြေး​ တိုး​ပေး​ဖို့​ သူတို့​စက်ရုံ​တွေ​ရှေ့​မှာထိုင်ပြီး​ ဆက်လက်ဆန္ဒပြ​နေကြရာမှာ အလုပ်ရှင်​တွေက မလိုက်​လျောတဲ့​အပြင် အလုပ်ထုတ်ပစ်မယ်လို့​ ​ပြောဆိုလာတာဖြစ်တယ်လို့​ အလုပ်သမား​အ​ရေး​ ​ဆောင်ရွက်​နေတဲ့​ ကိုမင်း​မင်း​ထွန်း​က အခုလို ​ပြောပါတယ်။

“သူတို့​လိုချင်တာ​တော့​ ရှား​ပါး​စရိတ် ၃ ​သောင်း​ပါပဲ။ စက်ရုံတိုင်း​က ရှား​ပါး​စရိတ်​တွေ ​ပေး​နေကြတယ်။ အလုပ်ရှင်သူ​ဌေး​တွေက သူတို့​ ၁ ​သောင်း​ခွဲထိပဲ ​ပေး​တယ်။ အလုပ်သမား​တွေကို သူတို့​ညှိ​ပေး​တာ လက်မခံဘူး​ဆိုရင် သုံး​ရက်အချိန်​ပေး​မယ်။ အဲဒီ သုံး​ရက်မှအလုပ်မဆင်း​ရင် အလုပ်ထုတ်ပစ်မယ်။ ကိုယ့်​ဘာသာကို အလုပ်ထွက်သွား​တဲ့​သ​ဘော​ပေါ့​။ အဲဒါကို အလုပ်သမား​တွေက လက်မခံဘူး​။ ထိုင်ပြီး​တော့​ ဆန္ဒပြ​နေကြတယ်။”

မ​နေ့​က ဆန္ဒပြ​နေတဲ့​စက်ရုံ ၃ ခုအပြင် moon crap အထည်ချုပ်စက်ရုံက အလုပ်သမား​ ၅၀၀ ​ကျော်ဟာလည်း​ ဒီ​နေ့​မှာ လုပ်ခလစာတိုး​ပေး​ဖို့​ ဆန္ဒပြကြပါတယ်။ အဲ့​ဒီမှာလည်း​ အလုပ်ရှင်ဘက်ကတိုး​ပေး​တဲ့​ လုပ်ခကို အလုပ်သမား​တွေက မ​ကျေနပ်လို့​ ဆန္ဒပြမှု ဆက်လက်ဖြစ်ပွား​နေတာမို့​ လှိုင်သာယာစက်မှုဇုန်မှာ စက်ရုံ ၄ ခုက အလုပ်သမား​ ၃ ​ထောင်​လောက် ဆန္ဒပြ​နေကြတာ ဖြစ်ပါတယ်။

ဆန္ဒပြ​နေကြတဲ့​ စက်ရုံ​တွေရှိရာကို လွှတ်​တော်ပြုပြင်​ပြောင်း​လဲ​ရေး​နဲ့​ ​ခေတ်မီဖွံ့​ဖြိုး​တိုး​တက်​ရေး​ရာ​ကော်မတီ ဥက္ကဋ္ဌ အရင် ရန်ကုန်မြို​တော်ဝန်​ဟောင်း​ ဦး​အောင်သိန်း​လင်း​ သွား​ရောက်ပြီး​ ညှိနှိုင်း​ ​ဆောင်ရွက်​ပေး​ခဲ့​ပေမယ့်​ ​အောင်မြင်မှုမရခဲ့​ပါဘူး​။

လုပ်ခလစာတိုး​ပေး​ဖို့​ ​တောင်း​ဆိုဆန္ဒပြ​နေကြတဲ့​ အလုပ်သမား​တွေဟာ ​နောက်​နေ့​မှာ ဆက်လက်​တောင်း​ဆိုဆန္ဒပြကြဖို့​ရှိပြီး​ မီဒီယာ​တွေနဲ့​တွေ့​ဖို့​ အစီအစဉ်ရှိတယ်လို့​ သိရှိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013