Home
မြန်မာသတင်း
သာစည်မြို့နယ်တွင် စိတ်ကြွဆေးပြား သိန်း ၅၁၀ ဖိုး ဖမ်းမိ
DVB
·
February 26, 2018
သာစည်မြို့နယ် မယ်ဇလီကန်ရွာအဝင်ဇရပ်မှာ ဖေဖော်ဝါရီလ ၂၅ ရက် နေ့လယ်မှာ ဈေးဝယ်လာတဲ့ တူအရီး နှစ်ဦးဆီကနေ သိန်း ၅၁၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေ ဖမ်းမိတယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။ ရမည်းသင်းမြို့နယ် တောင်ကြီးရွာနေ အသက် ၂၅ နှစ်ရှိ သန်းထိုက်နဲ့ သစ်ဆုံကြီးရွာနေ အသက် ၃၈ နှစ်ရှိ ဒေါ်ခင်နှင်းဆီတို့နှစ်ဦးအား မသင်္ကာလို့ ရှာဖွေစစ်ဆေးရာမှ ပလတ်စတစ်ခြင်းနဲ့ လွယ်အိတ်ထဲက စိတ်ကြွဆေးပြားပေါင်း ၁ သောင်း ၇ ထောင် ဖမ်းမိခဲ့တာလို့ သာစည်မြို့မရဲစခန်း ဒုရဲအုပ်  ဖြိုးကျော်ခိုင်က ပြောပါတယ်။ “သန်းထိုက်နဲ့ မခင်နှင်းဆီတို့ မယ်ဇလီကန်ဇရပ်မှာ နားနေတုန်း ဘယ်ကလာကြတုံး ဆိုတော့ ဆိုင်ကယ်နဲ့ ရမည်းသင်းကနေ သာစည်ကို ဈေးဝယ်လာတာတဲ့။ မသင်္ကာတာနဲ့ ရှာလိုက်တော့ စိတ်ကြွဆေးပြားတွေ ဖမ်းမိတယ်။ အလေးချိန် ၁ ဒသမ ၇ ကီလိုဂရမ် ရှိတယ်။ ကာလတန်ဖိုး သိန်း ၅၁၀ ရှိတယ်။ ကွင်းဆက်နဲ့ ဆက်စပ်တာတွေ စုံစမ်းနေဆဲပါ" လို့ ပြောပါတယ်။ သာစည်မြို့မရဲစခန်းမှာ သန်းထိုက်နဲ့ ဒေါ်ခင်နှင်းဆီတို့ကို မူယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဥပဒေအရ သုံးစွဲမှု၊ လက်ဝယ်ထားမှု၊ ဖြန့်ဖြူးရောင်းချမှု ပုဒ်မ၁၅/၁၉(က)/၂၁ တို့နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024