DVB Logo
Home
မြန်မာသတင်း
ကြော်ငြာဆိုင်းဘုတ်များ ဖြုတ်သိမ်းမှု ပြန်စဉ်းစားရန် သမ္မတထံ တောင်းဆို
DVB
·
May 17, 2012
ကြော်ငြာဆိုင်းဘုတ်များ ဖြုတ်သိမ်းမှု ပြန်စဉ်းစားရန် သမ္မတထံ တောင်းဆို
Donate to DVB

ရန်ကုန်မြို့တော် စည်ပင်က ရန်ကုန်မြို့တွင်း လူသွားစင်္ကြန် ပလက်ဖောင်းတွေပေါ် မှာ  ကြော်ငြာ ဆိုင်းဘုတ်တွေ ဖြုတ်ခိုင်းတာ နဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားဆုံးဖြတ်ပေးဖို့ သမ္မတ ဦးသိန်းစိန်ဆီကို ရန်ကုန်မြို့က ကြော်ငြာဆိုင်းဘုတ်လုပ်ငန်းရှင်တွေက စုပေါင်းလက်မှတ်ထိုး တိုင်ကြားလိုက်ပါတယ်။

ရန်ကုန်မြို့မှာ မြို့အင်္ဂါရပ်နဲ့အညီ လှပအောင်နဲ့  ပလက်ဖောင်းပေါ်သွား လာသူတွေ အဆင်ပြေအောင် ရည်ရွယ်ချက် နဲ့ ပလက်ဖောင်းပေါ်မှာ ရှိတဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေကို မေလ ၂ ရက်နေ့ က စပြီး သြဂုတ် လ နောက်ဆုံး ထား ဖြုတ်သိမ်းဖို့ ရန်ကုန် မြို့တော် စည်ပင်က ညွှန်ကြားချက် ထုတ်ပြန်ထား တာပါ။

ဒါကြောင့် ကြော်ငြာ ဆိုင်းဘုတ် လုပ်ငန်းကို အမှီပြုပြီး အသက်မွေးဝမ်းကြောင်းနေ သူတွေရဲ့ အလုပ်အကိုင် နဲ့ စားဝတ်နေရေး ထိခိုက် နစ်နာမှုတွေ ရှိလာတဲ့အတွက် ကြော်ငြာ ဆိုင်းဘုတ် လုပ်ငန်းရှင်တွေက စုပေါင်း လက်မှတ်ထိုးပြီး သမ္မတ ဦးသိန်းစိန်ကို အသနားခံ တိုင်ကြားခဲ့တာ လို့ ကြော်ငြာ ဆိုင်းဘုတ် လုပ်ငန်း လုပ်ကိုင်သူ တဦးက ပြောပါတယ်။

“ကျနော်တို့ နိုင်ငံတော် သမ္မတကြီးကနေ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ ပုဂ္ဂလိက လုပ်ငန်း အခန်းကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်အောင် လမ်းတွေဖွင့်ပေးနေတဲ့ အချိန်မှာ ဒီဝန်ကြီးဌာနတခုအနေနဲ့ ကျနော်တို့ လုပ်ငန်းတွေကို ပိတ်သိမ်းရမယ့် အဆင့်ထိရောက်အောင် စီစဉ်ဆောင်ရွက်နေတဲ့ အတွက် ကျနော်တို့ လုပ်ငန်းရှင်တွေကော ၀န်ထမ်းတွေ၊ မှီခိုနေသူတွေ အများကြီး နစ်နာခဲ့ရတယ်” လို့ ပြောပါတယ်။

လတ်တလော ကြော်ငြာဆိုင်းဘုတ် အငယ်တွေကို ရန်ကုန် စည်ပင်သာယာနယ်နိမိတ်မှာ လုံးဝ တင်ခွင့်မပြုတော့ဘဲ ၉ ပေ X ပေ ၂၀ နဲ့ အထက် ကြော်ငြာ ဆိုင်းဘုတ်တွေကိုပဲ တနှစ် ဆက်လက် ခွင့်ပြုထားမှာဖြစ်ပါတယ်။ အဲဒီနောက် သင့်တော်တဲ့နေရာမှာ ကြော်ငြာဆိုင်းဘုတ်တချို့ကို ခွင့်ပြုတာနဲ့ LED  ဆိုင်းဘုတ်တွေ နဲ့ အစားထိုးတာတွေ ခွင့်ပြုဖို့ ရှိပါတယ်။

ဒါပေမယ့် လေလံဈေးနှုန်းနဲ့ ငှားရမ်းလုပ်ကိုင်ရမှာမို့ ကြော်ငြာစရိတ်တွေ  တိုးလာမှာကို ဆိုင်းဘုတ် လုပ်ငန်းရှင်တွေက စိုးရိမ်နေပါတယ်။

ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်တဦးက “ကြော်ငြာ ဆိုင်းဘုတ်အကြီးတွေကို တနှစ်ပြန်ပေးမယ် လို့ ပြောပါတယ်။ ဒါပေမယ့် ကြော်ငြာ ဆိုင်းဘုတ်တွေက တနှစ်ပြန်ပေးမယ် ဆိုပေမယ့် နှုန်းတွေက လေလံနှုန်းနဲ့ ကောက်မယ် ဆိုရင် ဈေးနှုန်းတွေက အရမ်း များသွားပါတယ်။ အဲလိုများသွားတဲ့ အတွက် ကြော်ငြာတဲ့ လုပ်ငန်းရှင်တွေလည်း အများကြီးထိခိုက်သလို ကြော်ငြာတဲ့လုပ်ငန်း လုပ်ကိုင်နေသူတွေ လည်း ဒီလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ဖို့ အများကြီး အခက်အခဲဖြစ်သွားပါ တယ်” လို့ ပြောပါတယ်။

အခုလို ကြော်ငြာဆိုင်းဘုတ်တွေ ဖြုတ်ချတာကြောင့် စားသောက်ကုန်၊ လူသုံးကုန်နဲ့ အီလက်ထရောနစ် ကုန်ပစ္စည်းကြော်ငြာတဲ့ လုပ်ငန်းရှင်တွေပါ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ဖြုတ်သိမ်းခံရမယ့် ကြော်ငြာဆိုင်းဘုတ် အရေအတွက်ဟာ တမြို့လုံးမှာရှိတဲ့ ကြော်ငြာ ဆိုင်းဘုတ် အရေအတွက် ရဲ့ ၉၀ ရာခိုင်နှုန်းလောက်ထိ ရှိနိုင်တာကြောင့် ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်တွေကို ထိခိုက် နစ်နာစေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013