DVB Logo
Home
မြန်မာသတင်း
ထောက်ကြန့်တွင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် လူငယ်အချို့ ပဋိပက္ခဖြစ်ပွား
DVB
·
May 17, 2012
Donate to DVB

ရန်ကုန်တိုင်း ထောက်ကြန့်မြို့နယ်၊ ပတ္တမြားမြို့သစ်မှာ ရှိတဲ့ လင်းထက် အရက်ဆိုင်မှာ မေ ၁၆ ရက် နေ့လယ်ပိုင်း က ရဲတပ်ရင်း ၈ က တပ်သားနှစ်ဦးနဲ့ ရပ်ကွက်တွင်းက လူငယ်တွေ ခိုက်ရန် ဖြစ်ပွားခဲ့ကြပါတယ်။

ညပိုင်းမှာ ရဲတပ်ရင်းက  တပ်ဖွဲ့ဝင်တွေဟာ ရပ်ကွက်တွင်းရှိ အောင်စည်တော် လက်ဖက်ရည် ဆိုင်ထဲ ကြိမ်းမောင်း ၀င်လာပြီး ၀ိုင်းရိုက်ကြတာလို့  အရိုက်ခံလိုက်ရတဲ့ လူငယ်တဦး က ပြောပါတယ်။

“ကျနော် လက်ဖက်ရည်ဆိုင်ထိုင်နေတုန်း နောက်ကနေ၀င်ရိုက်တာ၊ ကျနော်သာ လဲ ကျသွားရင် သေမှာ။ လူအုပ်နဲ့ ၀င်ရိုက်တာ၊ ကျနော့်ကို ရိုက်တာတော့ ၇ ယောက်၊ ၈ ယောက် လောက်ပဲ။ ရိုက်ပြီး နောက်က၀င်လိုက်လာတဲ့ လူအုပ်က ၄၀၊ ၅၀ လောက်ရှိမယ်။ ကျနော် လည်း ထွက်ပြေးရတယ်။ ဆိုင်ထဲရှိတဲ့ လူတွေကို ရိုက်တာ၊ တွေ့ရာမြင်ရာ အကုန်ဆွဲရိုက်သွား တာ။ ခုံတွေ ရော အကုန်ရိုက်ချိုးသွားတယ်။ ဆိုင်က အကုန်ပျက်စီးသွားတယ်။”

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ထောက်ကြန့်ရဲစခန်းက ဖြစ်ပွားခဲ့တာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားခဲ့ပေ မယ့် လူငယ်ချင်း ရန်ဖြစ်ကြတာမို့ အထက်ကို တင်ပြထားတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့က သတင်းယူပြီး အထက်ကို တင်ပြထားတုန်းပဲရှိပါသေးတယ်။ အယောက် ၇၀ လောက် ဆိုတာက ကောလာဟလပါ။ ဖြစ်တာက ရဲဘော်ပေါက်စတွေနဲ့ပါ။ အရပ်သား လူငယ် တွေနဲ့ ရဲဘော်တွေ နဲ့ ဖြစ်တာပါ။”

အရိုက်ခံလိုက်ရပြီး ဒဏ်ရာရခဲ့ကြတဲ့ လူငယ် ၁၄၊ ၁၅ ဦးရှိပြီး၊ ၅ ဦးလောက်က မင်္ဂလာဒုံမြို့နယ် အန်အယ်လ်ဒီ ရုံးကို လာရောက် အကူအညီတောင်းခံခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013