A d v e r t i s e m e n t With Us

“တရုတ်၏ အလွှာစုံဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ” အစီရင်ခံစာ ထုတ်ပြန်

  မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ပြုလုပ်​ထားတဲ့ "တရုတ်၏ အလွှာစုံ ဆက်ဆံရေး မဟာဗျူဟာနှင့် မြန်မာနိုင်ငံ၏ ပကတိ အခြေအနေ" ဆိုတဲ့ အစီရင်ခံစာတစ်​ခုကို ​ဖေ​ဖော်​ဝါရီလ ၂၅ ရက်​​နေ့က မိတ်​ဆက်​ထုတ်​ပြန်​လိုက်​ပါတယ်​။ အစီရင်​ခံစာမိတ်​ဆက်​တာကို ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာရှိတဲ့ Kafe in Town မှာပြုလုပ်​ခဲ့တာပါ။ ဒီအစီရင်ခံစာဟာ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ ဆောင်ရွက်နေဆဲဖြစ်တဲ့ သုတေသန​တွေထဲက ပထမဆုံး ထုတ်ဝေလိုက်တဲ့ သုတေသန စာတမ်းလည်းဖြစ်​ပါတယ်​။ အဲ့စာတမ်းကို ISP Mynamar က တရုတ်​​လေ့လာ​ရေးဌာန တာဝန်​ခံနှင့် စီမံကိန်း ညှိနှိုင်း​ရေးမှူးဖြစ်​တဲ့ ​ဒေါ်ခင်​ခင်​​ကျော်​ကြီး ပြုစုထားတဲ့စာတမ်းဖြစ်​ပါတယ်​။ စာတမ်းမှာ မြန်မာ့လူ့အဖွဲ့အစည်း အလွှာအသီးသီးက အရေးပါသူ​တွေနဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးပမ်းခဲ့တဲ့ တရုတ်နိုင်ငံရဲ့ အမျိုးမျိုးသော ဆက်ဆံရေးကို လေ့လာခြင်းနဲ့ တရုတ်​နိုင်​ငံရဲ့ အကျိုးစီးပွားလိုလားချက်​တွေကို ပုံဖော်ထားတာလည်းသိရပါတယ်​။ အစီရင်ခံစာ မိတ်ဆက်ပွဲမှာ စာတမ်းမှာ အဓိက တွေ့ရှိချက်​တွေကို ရှင်းလင်းတင်​ပြခဲ့သလို အနာဂတ် မြန်မာ-တရုတ် ဆက်ဆံရေး အလားအလာနဲ့ပတ်​သတ်​ပြီး ဆွေးနွေးခဲ့ကြပါတယ်​။

A d v e r t i s e m e n t With Us

More News
Up