DVB Logo
Home
မြန်မာသတင်း
အ​မေရိကန်က အကြီး​ဆုံး​ကုန်သည်အသင်း​ မြန်မာနိုင်ငံ ​ရောက်ရှိ
DVB
·
May 17, 2012
အ​မေရိကန်က အကြီး​ဆုံး​ကုန်သည်အသင်း​ မြန်မာနိုင်ငံ ​ရောက်ရှိ
Donate to DVB

အ​မေရိကန်ပြည်​ထောင်စု အကြီး​ဆုံး​ကုန်သည်အသင်း​ကြီး​ဖြစ်တဲ့​ (US Chamber of Commerce) အဖွဲ့​က အာရှပဖိစိတ်​ရေး​ရာ ဒုတိယဥက္ကဋ္ဌ Tami Overby ဦး​ဆောင်တဲ့​အဖွဲ့​ဟာ မြန်မာနိုင်ငံကို ပထမဆုံး​ခရီး​အဖြစ် ​ရောက်​နေပါတယ်။

ဒီခရီး​စဉ်နဲ့​ပတ်သက်လို့​ အသင်း​ရဲ့​ တရား​ဝင်သတင်း​ထုတ်ပြန်ချက်မှာ​တော့​ မြန်မာနိုင်ငံမှာ အ​ပြောင်း​အလဲ​တွေ ဖြစ်​ပေါ်​နေတဲ့​အ​လျောက် အ​မေရိကန်အစိုး​ရရဲ့​ ​ပေါ်လစီမှာလည်း​ အဆင့်​ဆင့်​ပြောင်း​လဲမှု​တွေ ဖြစ်​ပေါ်​နေတဲ့​အချိန်မှာ အ​မေရိကန် ကုန်သည်အသင်း​အ​နေနဲ့​လည်း​ မြန်မာနိုင်ငံမှာ စီး​ပွား​ရေး​ဆိုင်ရာ အချက်အလက်​တွေ စု​ဆောင်း​ဖို့​ ​ရောက်လာတာလို့​ ​ဖော်ပြထား​ပါတယ်။

ဒီအသင်း​ဟာ မြန်မာနိုင်ငံအ​ပေါ် စီး​ပွား​ရေး​ ပိတ်ဆို့​ထား​တာ​တွေကို ရုပ်သိမ်း​ပေး​ဖို့​ သမ္မတ အိုဘား​မား​ထံကို ဧပြီလအတွင်း​ စာပို့​တောင်း​ဆိုခဲ့​ဖူး​ပါတယ်။

အ​မေရိကန်ကုန်သည်အသင်း​ရဲ့​ ၁၆ ရက်က​နေ ၁၉ ရက်အထိ ၄ ရက်ကြာမယ့်​ ဒီခရီး​စဉ်အတွင်း​မှာ အစိုး​ရအရာရှိ​တွေ၊​ မြန်မာနိုင်ငံကုန်သည်များ​နှင့်​ စက်မှုလက်မှု လုပ်ငန်း​ရှင်များ​အသင်း​ချုပ်တို့​နဲ့​လည်း​ ​တွေ့​ဆုံဖို့​ စီစဉ်ထား​တယ်လို့​ သိရပါတယ်။

အ​မေရိကန်ကုန်သည်အသင်း​နဲ့​ မနက်ဖြန်​တွေ့​ဖို့​ရှိတဲ့​ မြန်မာနိုင်ငံကုန်သည်များ​နှင့်​ စက်မှုလက်မှု လုပ်ငန်း​ရှင်များ​အသင်း​ချုပ်ရဲ့​ တွဲဖက်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​အောင်ခင်မြင့်​က အခုလို ​ပြောပါတယ်။

“ရင်း​နှီး​မြှုပ်နှံမှုကို စိတ်ဝင်စား​တယ်ဆိုတာ တကယ်တမ်း​ တိတိကျကျ ဘယ်သူမှမ​ပြောနိုင်ဘူး​။ ဘယ်ဧရိယာမှာ ဘယ်လိုစိတ်ဝင်စား​ပြီး​တော့​ ဘယ်လိုလုပ်ချင်တယ် ဆိုတာမျိုး​ကို လာတာမဟုတ်​သေး​ဘူး​။ တကယ့်​ကို သတင်း​အချက်အလက်ကို လာစုံစမ်း​တဲ့​သ​ဘောပဲ။ အဓိက​တော့​ ကျ​နော်တို့​ ဝန်​ဆောင်မှု​တွေဘက်က​ကော၊​ သ​ဘောထား​မှတ်ချက်​တွေ လာယူတာ​ပေါ့​။ ဘယ်လိုရှိလဲ​ပေါ့​၊​ တိတိကျကျ ဘာမှ​ပြောမရ​သေး​ဘူး​။ လာသမျှ ဧည့်​သည်​တော်​တော်များ​များ​က ဒီ​လောက်ကြီး​ ​သေ​သေချာချာ မ​ပြောနိုင်ဘူး​။ အခု အ​မေရိကန်က အမြင့်​ဆုံး​ကုန်သည်ကြီး​အသင်း​တခုက မြန်မာနိုင်ငံရဲ့​ အမြင့်​ဆုံး​ ကုန်သည်အသင်း​ကြီး​ကို စိတ်ဝင်စား​မှုရှိတယ်ဆိုတာ​တော့​ တစုံတခု​တော့​ ​မျှော်လင့်​ချက်ရှိတယ်။ ဒါ​ပေမယ့်​ ဘာကိုလဲဆိုတာ​တော့​ လုံး​ဝမ​ပြောနိုင်ဘူး​။”

အခုအချိန်အထိ​တော့​ မြန်မာပြည်မှာအဓိက ရင်း​နှီး​မြှုပ်နှံထား​တဲ့​ ထိပ်တန်း​ နိုင်ငံ​တွေထဲမှာ ထိုင်း​၊​ တရုတ်၊​ ထိုင်ဝမ်၊​ ​တောင်ကိုရီး​ယား​ စတဲ့​ အာရှနိုင်ငံ​တွေက ထိပ်ဆုံး​က ဖြစ်​နေပါတယ်။

ဦး​အောင်ခင်မြင့်​က အ​နောက်နိုင်ငံက စီး​ပွား​ရေး​လုပ်ငန်း​တွေဆီက​နေ လုပ်နည်း​လုပ်ဟန်ပိုင်း​မှာ အတုယူစရာ​တွေ ရှိတယ်လို့​ ယူဆပါတယ်။

“ဟိုဘက်ကလူ​တွေက စာရွက်စာတမ်း​ပေါ်မှာ မူတည်ပြီး​တော့​ အလုပ်လုပ်တတ်တယ်။ အဲဒီအချက် အရမ်း​လိုတယ်။ ဒီဘက်က​တော့​ ခင်မင်တယ်ဆိုပြီး​ ခင်မင်မှုနဲ့​အလုပ်လုပ်တယ်။ ပြီး​တော့​ ပြဿနာတက်တယ်​ပေါ့​၊​ အဲဒါ​တွေက ဖြစ်​ပေါင်း​လည်း​များ​ပြီ။ ဒါ​ကြောင့်​မို့​ အပြည်ပြည်ဆိုင်ရာမှာ တိုး​တက်​နေတဲ့​ အ​နောက်နိုင်ငံ​တွေရဲ့​ စီး​ပွား​ရေး​ဆိုင်ရာ စည်း​စနစ်​တွေကို လိုတယ်ဗျ။ တချို့​ဟာ​တွေဆို မြင်​တောင်မမြင်ဖူး​ဘူး​။ အဲဒါ​ကြောင့်​ သူတို့​လာရင်​တော့​ ကျ​နော်တို့​အတွက် basic project ​တွေ ပိုရလာမယ်လို့​ ထင်တယ်။ အဓိက​တော့​ လုပ်တတ်ဖို့​ ခိုင်မာဖို့​အ​ရေး​ကြီး​တယ်။ အဲဒီအတွက်ပဲ ကျ​နော်တို့​ ဂရုစိုက်တယ်။”

အ​မေရိကန်ကုန်သည်အသင်း​ရဲ့​ ဒီခရီး​စဉ်မတိုင်ခင်မှာပဲ အ​မေရိကန်ရဲ့​ ဒဏ်ခတ်ပိတ်ဆို့​မှု​တွေကို အစဉ်တစိုက်​ထောက်ခံခဲ့​တဲ့​ အ​မေရိကန် အထက်လွှတ်​တော်အမတ် ဂျွန်မက်ကိန်း​က ဒဏ်ခတ်မှု​တွေကို ဆိုင်း​ငံ့​ဖို့​ အ​မေရိကန်အစိုး​ရကို တိုက်တွန်း​ခဲ့​ ပါတယ်။

အာရှနဲ့​ ပစိဖိတ်​ဒေသနိုင်ငံ​တွေနဲ့​ စီး​ပွား​ရေး​နဲ့​ ကုန်သွယ်​ရေး​မှာ အ​မေရိကန်ဟာ တရုတ်ထက် ​နောက်​ကောက်ကျ​နေပြီလို့​ ဂျွန်မက်ကိန်း​က ​ဝေဖန်သတိ​ပေး​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013