A d v e r t i s e m e n t With Us

မြင်းခြံတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှုကို မကျေနပ်၍ ကန့်ကွက်ဆန္ဒပြ

  မန္တ​လေးတိုင်း မြင်းခြံမြို့နယ် ​ထ​နောင်းတိုင်​​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ​ရွေးချယ်​ရာမှာ ရပ်​/​ကျေး ဥပ​ဒေနဲမညီဘဲ ဆုံးဖြတ်​ခဲ့ကြတဲ့ ခရိုင်​/မြို့နယ်​ အုပ်​ချုပ်​​ရေးမှူးနဲ့ လွှတ်​​တော်​ကိုယ်​စားလှယ်​ ၂ ဦးကို အလိုမရှိ​ကြောင်း မြင်းခြုံမြို့တပတ် ဆန္ဒပြခဲ့ကြပါတယ်​။ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ် ဦး​အောင်​မျိုးလတ်​နဲ့ တိုင်း​ဒေသကြီး လွှတ်​​တော် ​ကိုယ်​စားလှယ်​ ဦးချမ်း​မြေ့နဲ့အတူ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ခရိုင်​အုပ်​ချုပ်​​ရေးမှူး အလိုမရှိ ​ကြွေး​ကြော်​သံတွေနဲ့အတူ ထ​နောင်းတိုင်​​ကျေးရွာက ရွာသူရွာသား ၂၀၀ နီးပါး ဆန္ဒပြခဲ့ကြတာပါ။ ထ​နောင်းတိုင်​ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး​ရွေးချယ်​ပွဲမှာ ယှဉ်ပြိုင်ရွေးချယ်ခဲ့တဲ့ ကို​နေမင်း​ကျော်​ က “ဇန်​နဝါရီလ ၂၇ ရက်​​နေ့က​ ထ​နောင်းတိုင်​ ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး​ရွေးချယ်​ပွဲကို ဦး​နေမင်း​ကျော် ​နဲ့ ဦး​နေစိုးတို့ ယှဉ်​ပြိုင်​​ရွေးချယ်​ရာ ဦး​နေမင်း​ကျော်​က မဲ​ပေါင်း ၃၉၀ ပယ်​မဲ ၆ မဲ ရခဲ့ပြီး ဦး​နေစိုးက မဲ ၂၇ နဲ့ ရှုံးနိမ့်​ခဲပြီး အနိုင်​ရခဲ့တဲ့ ဦး​နေမင်း​ကျော်​ကို အတည်​ပြု​မ​ပေးဘဲ ပြန်​လည်​​ရွေး​ကောက်​ပွဲ ပြုလုပ်​ဖို့ မြို့နယ်​ ခရိုင်​အုပ်​ချုပ်​​ရေးမှူးနဲ့ လွှတ်​​တော်​ကိုယ်​စားလှယ်​ ၂ ဦးတို့က​ ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ပြန်​လည်​​ရွေးဖို့ ​​ပြောဆိုလာတဲ့အ​ပေါ် ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာ”လို့​ ​ ပြောပါတယ်​။ တိုင်း​ဒေသကြီး ၁ ကလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးချမ်း​မြေ့က​တော့ သူနဲ့တိုက်​ရိုက် ​မသက်​ဆိုင်​တာ​ကြောင့် ဘာမှ မှတ်​ချက်​​မပေးခဲ့ပါဘူး။

A d v e r t i s e m e n t With Us

More News
Up