A d v e r t i s e m e n t With Us

ပင်သာရွာတွင် ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေ

  ဝမ်းတွင်းမြို့နယ်၊ မိတ္ထီလာ-ပင်းတလဲ ကားလမ်း အိုမတွေ့ရွာအနီးမှာ ဖေဖော်ဝါရီ ၂၃ ရက်ညက ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ် တိုက်မိပြီး ၁ ဦးသေဆုံး၊ ၁ ဦးစိုးရိမ်ရတယ် လို့ ပင်းတလဲရဲစခန်းက ပြောပါတယ်။ ဖြစ်စဉ်မှာ အသက် ၆၀ အရွယ်ရှိ ဦးတင်ဆန်း မောင်းနှင်လာတဲ့ သုံးဘီးဆိုင်ကယ်နဲ့ ဘောလုံးကန်ပြီး ပြန်လာတဲ့ ကိုရဲအောင် မောင်းနှင်ပြီး ကိုအောင်မျိုးတို့ စီးနင်းလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ကိုရဲအောင်ဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ပင်းတလဲ ရဲစခန်းစခန်းမှူး ရဲအုပ်မင်းမင်း ထွေးက “ကိုရဲအောင်က ဦးခေါင်းဒဏ်ရာရတယ်။ နေရာတင် သေဆုံးတယ်။ ကိုအောင်မျိုးက နှာခေါင်းသွေးထွက်ပြီး သတိမေ့နေတယ်။ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်။ သုံးဘီးဆိုင်ကယ် ယာဉ်မောင်းကတော့ ဒဏ်ရာမရပါဘူး” လို့ ပြောပါတယ်။ ပင်းတလဲရဲစခန်းက ဦးတင်ဆန်းနဲ့ ကိုရဲအောင်တို့ကို ယာဉ်မဆင်မခြင် မောင်းနှင်လို့ လူသေမှု၊ ပြင်းထန်ဒဏ်ရာရမှု၊ သာမန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ-၃၀၄(က)/၃၃၈/၃၃၇ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up