A d v e r t i s e m e n t With Us

အာဖဂန်နစ္စတန်တွင် အသေခံဗုံးခွဲမှုကြောင့် ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန် နိုင်ငံမြို့တော် ကဘူးလ်မှာ အသေခံဗုံးခွဲသမား တယောက်က ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ဖောက်ခွဲခဲ့လို့ လူ ၁ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။ အာဖဂန်နစ္စတန်ရဲ့ နေတိုးခေါင်းဆောင်တဲ့ စစ်ဆင်ရေး ဌာနချုပ်နားက လမ်းပေါ်မှာ ဗုံးသမားက သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာလို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရ နာဂျစ်ဘ် ဒါနစ်ရှ်က ပြောပါတယ်။ ထိခိုက်သေဆုံးသူတွေ ဘယ်သူတွေ ဆိုတာ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။ “မနက် ၈ နာရီ လောက်မှာ ပေါက်ကွဲသံအကျယ်ကြီး ကြားရတယ်။ အဲဒီနောက် မီးခိုးထူတွေ ပတ်ဝန်းကျင်တခုလုံး ဖုံးသွားတော့တာပဲ” လို့ မျက်မြင်သက်သေ အဗ်ဒူ မူတာလစ်ဘ်က ပြောပါတယ်။ အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ်စစ်သွေးကြွတွေက ဒီလုပ်ရပ်အတွက် တာဝန်ရှိကြောင်း သူတို့ရဲ့ အာမက်သတင်းဌာနကနေ အခိုင်အမာ ပြောပါတယ်။ အိုင်အက်စ်တွေရဲ့ အာဖဂန်နစ္စတန် တပ်ဆွယ်ဟာ ၂၀၁၅ ခုနှစ်က ပါကစ္စတန်နယ်စပ် နားမှာ စပြီး ပေါ်လာခဲ့တာပါ။ အဲဒီနောက် လှုပ်ရှားမှု တိုးလာပြီး လတ်တလော တိုက်ခိုက်မှု အတော်များများအတွက် သူတို့လက်ချက် ဖြစ်ကြောင်း တာဝန်ခံခဲ့ပါတယ်။ မနှစ်က အကြမ်းဖက်မှုတွေအတွင်း အာဖဂန် အရပ်သား အယောက် ၁ သောင်းကျော် သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂက အရင်အပတ်က ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up