DVB Logo
Home
မြန်မာသတင်း
ထိုင်း​ရောက် မြန်မာအလုပ်သမား​များ​ ပတ်စ်ပို့​လုပ်ရန် ကုမ္ပဏီ အား​ကိုး​နေရဆဲ
DVB
·
May 17, 2012
ထိုင်း​ရောက် မြန်မာအလုပ်သမား​များ​ ပတ်စ်ပို့​လုပ်ရန် ကုမ္ပဏီ အား​ကိုး​နေရဆဲ
Donate to DVB

ထိုင်း​နိုင်ငံ​ရောက် မြန်မာ​ရွှေ့​ပြောင်း​အလုပ်သမား​တွေအတွက် ယာယီနိုင်ငံကူး​ လက်မှတ် လုပ်​ပေး​ရေး​ဌာနကို ထိုင်း​နိုင်ငံထဲ တိုး​ချဲ့​ဖွင့်​လှစ်​ပေး​ခဲ့​ပေမယ့်​ ကြန့်​ကြာမှု တချို့​ရှိ​နေတာ​ကြောင့်​ အရင်ကလို ကုမ္ပဏီက​နေတဆင့်​ ဆက်သွယ်လုပ်​ဆောင် ​နေရတုန်း​ပဲလို့​ အလုပ်သမား​တွေက ​ပြောပါတယ်။

မြန်မာအလုပ်သမား​တွေအ​နေနဲ့​ ယာယီနိုင်ငံကူး​လက်မှတ် လုပ်မယ်ဆိုရင် အရင်ကလို နယ်စပ်ထိသွား​စရာ မလို​တော့​ဘဲ ကိုယ်အလုပ်လုပ်တဲ့​ခရိုင်ထဲမှာ လုပ်နိုင်ပြီဆို​ပေမယ့်​ ပွဲစား​က​နေတဆင့်​ ​ဆောင်ရွက်​နေရဆဲဖြစ်ပြီး​ ​ငွေ​ကြေး​လည်း​ မသက်သာဘူး​လို့​ အလုပ်သမား​အခွင့်​အ​ရေး​ ​ဆောင်ရွက်​နေသူ​တွေက ​ပြောပါတယ်။

ထိုင်း​နိုင်ငံအ​ခြေစိုက် လူ့​အခွင့်​အ​ရေး​နှင့်​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ဖောင်​ဒေး​ရှင်း​ စမွတ်စခွန် နယ်​မြေစီမံကိန်း​ တာဝန်ခံ ကိုစိန်​ဌေး​က “အဓိက​တော့​ ​ဈေး​နှုန်း​က မကျဘဲနဲ့​ အရင်အတိုင်း​ပဲ၊​ တခါတ​လေကျရင် အရင်ကထက် ပိုယူတာမျိုး​တောင် ဖြစ်​နေတယ်။ ပွဲစား​နဲ့​ပဲ ဆက်လုပ်​နေရ​သေး​တဲ့​ စနစ်ပဲ ဆက်ရှိ​နေ​သေး​တယ်။ အလုပ်သမား​တွေ တိုက်ရိုက်ဆက်သွယ်ပြီး​ လုပ်နိုင်ခွင့်​တွေ မရ​သေး​ဘူး​။ ​လော​လောဆယ် အခက်အခဲ​တွေက​တော့​ ဖြစ်​နေ​သေး​တယ်” လို့​ ​ပြောပါတယ်။

ယာယီနိုင်ငံကူး​လက်မှတ်ကို ကုမ္ပဏီက​နေမလုပ်ဘဲ ကိုယ်တိုင်ကိုယ်ကျ လုပ်ရင်ရ​ပေမယ့်​ အချိန်​တွေ ပိုကြာသလို ကိုယ်တိုင်လိုက်လုပ်ဖို့​ အချိန်မ​ပေး​နိုင်၊​ ပုံစံ​ဖောင်​တွေလည်း​ ကိုယ်တိုင်ဖြည့်​ မ​ရေး​တတ်တဲ့​အတွက် အခုလို လုပ်ရတာ အဆင်​ပြေတယ်လို့​ ပြီး​ခဲ့​တဲ့​အပတ်အတွင်း​ ချင်း​မိုင်မြို့​မှာ ပတ်စပို့​လုပ်ခဲ့​သူ ရှမ်း​ အလုပ်သမား​တဦး​က ​ပြောပါတယ်။

ယာယီနိုင်ငံကူး​လက်မှတ် လုပ်​ပေး​တဲ့​ ကုမ္ပဏီကို သွား​ရောက် ဆက်သွယ်ဖို့​တောင် အချိန်မ​ပေး​နိုင်တဲ့​ အလုပ်သမား​တချို့​ဟာ ကြား​ပွဲစား​က​နေ တဆင့်​ ဆက်သွယ်တာလည်း​ရှိသလို အခန့်​မသင့်​ရင် အလိမ်ခံရတာ​တွေလည်း​ ရှိ​နေပါတယ်။

ဒီရက်ပိုင်း​ကပဲ ထိုင်း​နိုင်ငံ မဲ​ဆောက်မြို့​ မယ်ပနဲ့​ ယူနီအိုး​ရှင်း​ အထည်ချုပ်စက်ရုံက အလုပ်သမား​ ၁၈ ဦး​ဟာ ကြား​ပွဲစား​ကို ​ငွေ​ပေး​ပြီး​ ကုမ္ပဏီကို ဆက်သွယ်ခိုင်း​ပေမယ့်​ ကုမ္ပဏီက ​ငွေလက်ခံရရှိခြင်း​မရှိတဲ့​အတွက် သူတို့​နာမည်​တွေ ပယ်ချခံခဲ့​ရတယ်လို့​ အလုပ်သမား​တဦး​က ​ပြောပါတယ်။

ဒီလိုပြဿနာဖြစ်​နေရတဲ့​အ​ပေါ် ​ရောင်ခြည်ဦး​အလုပ်သမား​အဖွဲ့​ခေါင်း​ဆောင် ကိုမိုး​ဆွေက “ကုမ္ပဏီ​တွေက​နေ အစိုး​ရက သတ်မှတ်ထား​တဲ့​ နှုန်း​ထား​တွေထက် ပို​တောင်း​လာတဲ့​ကိစ္စ​တွေ၊​ လက်မှတ်ထုတ်ခါနီး​မှ ပိုက်ဆံထပ်​တောင်း​တဲ့​ကိစ္စ​တွေ၊​ အခုလို အလိမ်ခံရတဲ့​ ကိစ္စ​တွေပါ ထိုင်း​နိုင်ငံ တဝှမ်း​မှာ ​တော်​တော်များ​များ​ ဖြစ်​နေတယ်။ အဲဒီအတွက် ထိုင်း​အစိုး​ရနဲ့​ မြန်မာအစိုး​ရနဲ့​ အထူး​သဖြင့်​ ထိုင်း​အစိုး​ရအ​နေနဲ့​ တရား​ဝင် အသိအမှတ်ပြုထား​တဲ့​ ကုမ္ပဏီ​တွေကို ဝင်​ရောက်စစ်​ဆေး​တာ​တွေ၊​ ကြပ်မတ်တာ​တွေ အ​ရေး​ယူတာ​တွေ၊​ လုပ်ဖို့​လိုတယ်။ နာမည်ပျက်တဲ့​ ကုမ္ပဏီ​တွေကို နာမည်ပျက်စာရင်း​ သွင်း​ပြီး​တော့​ ဒီကုမ္ပဏီ​တွေရဲ့​ လုပ်ပိုင်ခွင့်​တွေကို ပိတ်ဖို့​လိုအပ်တယ်လို့​တော့​ ကျ​နော်တို့​ အကြံပြုချင်ပါတယ်” လို့​ ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ ဧပြီ ၂၀ ရက်​နေ့​ကစပြီး​ ထိုင်း​နိုင်ငံ ဘန်​ကောက်၊​ ချင်း​မိုင်၊​ စမွတ်ပရာကန်၊​ စမွတ်စခွန် (မဟာချိုင့်​ဒေသ) နဲ့​ ဆူရတ်ဌာနီ စတဲ့​ ခရိုင် ၅ ခုမှာ ဝမ်း​စ​တော့​ပ် ဆား​ဗစ်စင်တာလို့​ခေါ်တဲ့​ တ​နေရာတည်း​မှာတင် နိုင်ငံသား​စိစစ်​ရေး​၊​ နိုင်ငံကူး​လက်မှတ် နဲ့​ ပြည်ဝင်ခွင့်​ဗီဇာ ထုတ်​ပေး​တဲ့​စနစ် လုပ်​ပေး​နေတာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို လာမယ့်​ ဒီဇင်ဘာ ၂၀ ရက်​နေ့​ထိ လက်ခံ​ဆောင်ရွက်ဖို့​ သတ်မှတ်ထား​ပေမယ့်​ လုပ်ငန်း​ပြီး​ပြတ်မှုအ​ပေါ် မူတည်ပြီး​ အချိန် တိုး​ချဲ့​ပေး​နိုင်ဖွယ် ရှိတယ်လို့​ ယာယီနိုင်ငံကူး​လက်မှတ် ​ဆောင်ရွက်​ပေး​ရေး​ဌာန ဝန်ထမ်း​တဦး​က ​ပြောပါတယ်။

ထိုင်း​နိုင်ငံ​ရောက် ​ရွှေ့​ပြောင်း​အလုပ်သမား​တွေ တရား​ဝင် လုပ်ကိုင်နိုင်​ရေး​အတွက် ထိုင်း​-မြန်မာနှစ်နိုင်ငံက ခုလို နိုင်ငံကူး​လက်မှတ် အလုပ် သမား​ကတ်​တွေ စီစဉ်​ဆောင်ရွက်​ပေး​ပေမယ့်​ တရား​ဝင်လက်မှတ်ရှိ မြန်မာအလုပ်သမား​ တသန်း​ခွဲ​လောက်ပဲရှိပြီး​ တရား​မဝင် ဝင်​ရောက်​နေထိုင်သူ​တွေ သိန်း​ချီရှိ​နေပါတယ်။

အလုပ်သမား​ လက်မှတ်မရှိလို့​ ထိုင်း​ရဲရဲ့​ အဖမ်း​အဆီး​ခံရတဲ့​ မြန်မာအလုပ်သမား​ သတင်း​တွေလည်း​ ထိုင်း​မီဒီယာ​တွေမှာ မကြာမကြာ ​တွေ့​နေရဆဲဖြစ်ပြီး​ ဒီလပိုင်း​မှာ အဖမ်း​အဆီး​တွေ ပိုစိပ်လာတယ်လို့​ အလုပ်သမား​အ​ရေး​ ​ဆောင်ရွက်​နေတဲ့​ ချင်း​မိုင်အ​ခြေစိုက် မက်ပ်​ဖောင်​ဒေး​ရှင်း​အဖွဲ့​ဝင် စိုင်း​ဟတ်က ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013