Home
မြန်မာသတင်း
လူသတ်မုဒိမ်းနှင့် သက်ငယ်မုဒိမ်း သေဒဏ်ပေးရေး ထောက်ခံလက်မှတ်ရေးပွဲ ပြုလုပ်
DVB
·
February 25, 2018
28279184_544681365908823_2771529041405929950_n
28276738_544681265908833_2578739587473337441_n
28168037_544681299242163_5621116304790912740_n
28167271_544681239242169_3470848042031368673_n
28059470_544681329242160_5006995483523760418_n
28059408_544681215908838_8243401864878114635_n
  လူသတ်မုဒိမ်းနဲ့ သက်ငယ်မုဒိမ်း သေဒဏ်ပေးရေး ပြဋ္ဌာန်းဖို့ ထောက်ခံလက်မှတ်ရေးထိုးပွဲ ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ မနက် ၁ဝ နာရီမှာ သုမဂ လေးထောင့်ကန်လမ်းမကြီးပေါ်က သုမင်္ဂလာအိမ်ရာမှာ ပြုလုပ်ခဲ့ပါတယ်။ ထောက်ခံလက်မှတ်ကောက်ခံပွဲကို မုဒိမ်းမှုဆန့်ကျင်တဲ့ ပြည်သူတွေကပဲ ဦးဆောင် ပြုလုပ်တာဖြစ်ပြီး မနက် ၁၀ နာရီကနေ ညနေ ၅ နာရီထိ ကောက်ခံသွားမယ်လို့ သိရပါတယ်။ ၂၀၁၆-၁၇ ခု ထုတ်ပြန်တဲ့စာရင်းတွေက မုဒိမ်းမှုဖြစ်ပွားမှုနှုန်းတွေ များလာပြီးတဲ့နောက်မှာ လူသတ်မုဒိမ်းနဲ့ သက်ငယ်မုဒိမ်းအတွက် သေဒဏ်ပေးရေးလှုပ်ရှားမှုတွေကို အမျိုးသမီးအရေး ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းနဲ့အတူ သက်ငယ်မုဒိမ်းပြုကျင့်ခံရသူ တွေရဲ့ မိခင်တွေပါ ပါဝင်ဆောင်ရွက်လာကြတာဖြစ်ပါတယ်။ သက်ငယ်မုဒိမ်းသေဒဏ်ပပျောက်ရေး လွှတ်တော်ကိုယ်စားလှယ်တချို့က အဆိုတင်သွင်း ခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါ့အပြင် သက်ငယ်မုဒိမ်း ပပျောက်ဖို့အတွက်က အစိုးရမှာ ပိုပြီးတာဝန်ရှိတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့က ဦးယုလွင်အောင်ကလည်း ထောက်ပြပြောဆိုလိုက်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024