A d v e r t i s e m e n t With Us

လက်ဝဲစွန်း ဆန္ဒပြသူများနှင့် အီတလီရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)

အီတလီနိုင်ငံ ပီစာမြို့မှာ လက်ဝဲစွန်း ဆန္ဒပြသူတွေနဲ့ ရဲတွေ ဖေဖော်ဝါရီ ၂၃ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ လက်ယာစွန်း အသင်းချုပ်ပါတီ ခေါင်းဆောင် မက်တီယို ဆယ်လ်ဗီနီ စီစဉ်တဲ့ နိုင်ငံရေး ဆိုင်ရာ စီတန်းလှည့်လည်မှုကို ဆန့်ကျင် ဆန္ဒပြရာက ခုလို ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာပါ။ သူ့ကို ထောက်ခံသူတွေကို မိန့်ခွန်းပြောနေတဲ့ ရင်ပြင်ဆီကို ရောက်အောင်သွားဖို့ ကြိုးစားခဲ့လို့ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေက ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။ ဆန္ဒပြသူတွေက ဗျောက်အိုးတွေ၊ ပုလင်းတွေနဲ့ ရဲတွေကို ပြန်ပစ်ခဲ့ပါတယ်။ လူတယောက် အဖမ်းခံရတယ်လို့ အီတလီ မီဒီယာက အစီရင်ခံပါတယ်။ အီတလီ နိုင်ငံအတွင်း လက်ယာစွန်းနဲ့ လက်ဝဲစွန်း အုပ်စုတွေကြား လူသတ်မှု ဗုံးခွဲမှုတွေကြောင့် ၁၉၇၀ နဲ့ ၈၀ ပြည့်လွန်နှစ်တွေမှာ နိုင်ငံရေး အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ အရင်လက အကြမ်းဖက် ဖြစ်ရပ်တွေ ဆက်တိုက် ပေါ်ပေါက်ခဲ့လို့ အလားတူ ဖြစ်ရပ်တွေ ပြန်ပေါ်ထွက်လာမှာကို စိုးရိမ်ကြောင်း နိုင်ငံရေးသမားတွေနဲ့ သတင်းစာတွေက ဖော်ပြ ခဲ့ကြပါတယ်။ ဆယ်လ်ဗီနီကတော့ မြောက်ပိုင်းအသင်းချုပ်လို့ လူသိများတဲ့ ပါတီရဲ့ ခေါင်းဆောင်ပါ။ အီတလီမှာ မတ်လ ၄ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး စိတ်လှိုင်းတွေကို ဆွပေးရင်း သူ့ရဲ့ ပါတီအတွက် မဲဆွယ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up