A d v e r t i s e m e n t With Us

ဟေတီနိုင်ငံထဲ လိင်ပိုင်းအမြတ်ထုတ်မှုများဖြင့် စွပ်စွဲခံထားရသည့် Oxfam အဖွဲ့၏ လုပ်ငန်းကို ဆိုင်းငံ့

Lenzer Achieng, the mother of six-month-old Samantha Pendo who died during an August 2017 police crackdown on opposition supporters, holds her daughter's clothes inside her home, in the western city of Kisumu, Kenya, January 25, 2018. Picture taken January 25, 2018. To match Special Report KENYA-POLICE/WATCHDOG REUTERS/Baz Ratner
ဟေတီနိုင်ငံထဲမှာ  လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့  ဗြိတိန် NGO-အဖွဲ့ Oxfam ရဲ့လုပ်ငန်း လုပ်ပိုင်ခွင့်ကို ဟေတီအာဏာပိုင်တွေက ယာယီ ဆိုင်းငံ့လိုက်ပါတယ်။ ဟေတီမှာ အကူအညီပေးတာတွေလုပ်နေတဲ့ Oxfam ရဲ့ လုပ်ကိုင်ခွင့်ကို ယာယီဆိုင်းငံ့လိုက်ကြောင်း ဟေတီ စီမံကိန်းနဲ့ပြည်ပရေးရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီး အက်ဗျောဖခွန်ဟွန်းက ပြောပါတယ်။ Oxfam ရဲ့ ၀န်ထမ်းတွေဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာနဲ့ မဖွယ်မရာ လုပ်တာတွေ ရှိခဲ့တယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးတဲ့နောက် ၀န်ကြီးက အခုလိုကြေညာလိုက်တာပါ။ “၂ လကြာမယ့် စုံစမ်းစစ်ဆေးမှုအတွင်း Oxfam အဖွဲ့က ဟေတီနိုင်ငံကိုယ်စားရရှိခဲ့တဲ့ အကူအညီပေးရေး ရန်ပုံငွေတွေနဲ့ ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ ရာဇ၀တ်မှုတွေကြားမှာ ဆက်နွှယ်နေတာကို တွေ့ခဲ့မယ်ဆိုရင် Oxfam ကို ဟေတီနိုင်ငံထဲမှာ လက်ခံစရာ အကြောင်းမရှိတဲ့ အဖွဲ့အဖြစ် ကျနော်တို့ ကြေညာပါမယ်လို့” ၀န်ကြီးက ပြောပါတယ်။ ၀န်ကြီးအခုလို ပြောကြားချိန်မှာ Oxfam အဖွဲ့ရဲ့ လက်တင်အမေရိကနဲ့ ကာရေဘီယံ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်လည်း ရှိနေပါတယ်။ “၀န်ကြီးဌာနရဲ့ အစိုးရမဟုတ်တဲ့ အကူအညီပေးရေးအဖွဲ့ (NGO)တွေနဲ့ ညှိနှိုင်းဆောင်ရွက်ရေးဌာနဟာ  ဟေတီနိုင်ငံထဲမှာ မလျော်ကန်တာတွေ လုပ်နေတယ်လို့ စွပ်စွဲခံ ထားရတဲ့ NGOs တွေကို ဒီနေ့ ဖိတ်ကြားခဲ့တာပါ” လို့လည်း ၀န်ကြီးက ပြောပါတယ်။ ဗြိတိန် Oxfam အဖွဲ့အတွက် ဥပဒေရေးရာ ကိုယ်စားလှယ်ကတော့ သက်သေမခိုင်လုံတဲ့ စွပ်စွဲချက်တွေကို အခြေခံပြီး  အခုလိုဆုံးဖြတ်လိုက်တာဟာ အလျင်စလိုဆန်ပြီး နိုင်ငံရေး ပယောဂပါတယ်လို့ ပြောပါတယ်။ သတင်း မီဒီယာတွေက စုံစမ်းဖော်သတင်းဖော်ပြတာနဲ့ Oxfam အဖွဲ့တွင်း အစီရင်ခံစာ တခုကြောင့် ဟေတီမှာ တာဝန်ထမ်းဆောင်တဲ့ Oxfam ၀န်ထမ်းတွေ လိင်အမြတ်ထုတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ လူသိရှင်ကြား ဖြစ်ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up