Homeမြန်မာသတင်း
စစ်တွေတွင် ၄ နေရာ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ မပေါက်ကွဲသေးသည့် ဗုံး ၃ လုံးတွေ့ရှိ
စစ်တွေတွင် ၄ နေရာ ဗုံးပေါက်ကွဲမှုဖြစ်ပွား၊ မပေါက်ကွဲသေးသည့် ဗုံး ၃ လုံးတွေ့ရှိ
DVB
·
February 24, 2018
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နေရာလေးခုမှာ ဖေဖော်ဝါရီ ၂၄ ရက် မနက်အစောပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မပေါက်ကွဲသေးတဲ့ ဗုံး ၃ လုံးကိုလည်း တွေ့ရှိခဲ့တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။
ရခိုင်ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက "ဒီကနေ့မနက်က ပေါက်တာပါ။ ၄ နာရီ ၁၀ မိနစ်ကပေါက်တာ၊ လေးလုံးကွဲပါတယ်။ သုံးလုံးမပေါက်ကွဲဘဲ တွေ့ပါတယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
အဲ့ဒီဖြစ်ပွားခဲ့တဲ့နေရာကတော့ ရခိုင်ပြည်နယ်ပြည်နယ်တရားရုံးအနီးမှာ တနေရာ၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးဌာန ပြည်နယ်အုပ်ရေးမှူးအိမ်နောက်မှာ တနေရာနဲ့ ရှေ့မှာတနေရာ၊ ပြည်နယ်မြေမြေစာရင်းရုံးခြံရှေ့တနေရာတို့ ဖြစ်ကြပါတယ်။
ဗုံးတွေ ဆက်တိုက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေနေကို မသိရသေးဘဲ လက်ရှိမှာတော့ အခင်းဖြစ်နေရာတွေမှာ လုံခြုံရေးတင်ကျပ်ထားပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ၀ဏ္ဏခွာညို