DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် ငြိမ်း​ချမ်း​ရေး​အတွက် ငြိမ်း​ချမ်း​ရေး​ပုံရိပ်အဖွဲ့​နယ်လှည့်​ဆွေး​နွေး​မည်
DVB
·
May 16, 2012
Donate to DVB

ကချင်ပြည်နယ် ငြိမ်း​ချမ်း​ရေး​အတွက် ရည်ရွယ်ဖွဲ့​စည်း​ထား​တဲ့​ ငြိမ်း​ချမ်း​ရေး​ ပုံရိပ်အဖွဲ့​က ရန်ကုန်၊​ မန္တ​လေး​အပါအဝင် မြို့​ကြီး​တွေမှာ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ပွဲ​တွေ လုပ်​ဆောင်သွား​မယ်လို့​ ဆိုပါတယ်။

လက်ရှိဖြစ်ပွား​နေတဲ့​ မြန်မာပြည်ရဲ့​ အ​ခြေအ​နေ​တွေ စစ်​ပြေး​ဒုက္ခသည်​တွေရဲ့​ ဒုက္ခ​တွေကို တင်ပြကာ ငြိမ်း​ချမ်း​ရေး​လုပ်​ဆောင်​နေတဲ့​ အဖွဲ့​အစည်း​တွေ၊​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်​တွေ၊​ ဘာသာ​ရေး​ ​ခေါင်း​ဆောင်​တွေနဲ့​လည်း​ ​ဆွေး​နွေး​သွား​မယ်လို့​ ငြိမ်း​ချမ်း​ရေး​ပုံရိပ်အဖွဲ့​ ​ပြောကြား​လိုက်ပါတယ်။

အဖွဲ့​ရဲ့​ ဥက္ကဋ္ဌ ​ဒေါ်​ဘောက်ဂျာက “ငြိမ်း​ချမ်း​ရေဆိုတာ စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​ပေါ့​နော်။ အပစ်အခတ်ရပ်စဲ​ရေး​ လက်မှတ်​ရေး​ထိုး​ထား​တဲ့​ စာချုပ်မဟုတ်ဘဲနဲ့​ စစ်မှန်တဲ့​ ငြိမ်း​ချမ်း​ရေး​ဖြစ်ဖို့​ရာ လိုအပ်တဲ့​အ​ကြောင်း​နဲ့​ စစ်မှန်တဲ့​ ပြည်​ထောင်စုကြီး​ပေါ်လာဖို့​ကလည်း​ အဓိကရည်ရွယ်ချက်​ပေါ့​။ ဒါ​တွေဖြစ်လာမှ တိုင်း​ပြည်က ​အေး​ချမ်း​လာမယ်။ ဖွံ့​ဖြိုး​လာမယ်။ တိုး​တက်လာမယ်။ ဒါ​တွေ မဖြစ်​သေး​သ​ရွေ့​က​တော့​ နှစ်​ပေါင်း​ ဘယ်​လောက်ပဲကြာ​နေ ကြာ​နေ၊​ ဒီ​နေ့​ ကချင်မှာရပ်သွား​ရင် ​နောက်​နေ့​ ​နောက်တ​နေရာမှာ၊​ ​နောက်​နေ့​ ​နောက်တ​နေရာမှာ အဲ့​ဒီလို ဝိုင်း​ကြီး​ပတ်ပတ်ဖြစ်​နေမယ့်​ ပုံစံမျိုး​ မဟုတ်ဘဲနဲ့​ စစ်မှန်တဲ့​ ပြည်​ထောင်စု ​ပေါ်​ပေါက်လာဖို့​ အဓိကရည်ရွယ်တယ်။”

နိုင်ငံတကာက ​ထောက်ပံ့​မှုကလည်း​ အ​ပေါ်ယံသာရှိတဲ့​အတွက် စစ်ပွဲ​ကြောင့်​ ထွက်​ပြေး​နေရတဲ့​ ကချင်ပြည်နယ်က ဒုက္ခသည်တချို့​ဟာ ​ထောက်ပံ့​မှု​တွေ ခုချိန်ထိ မခံစား​ရ​သေး​တာ​တွေ ရှိ​နေ​သေး​တဲ့​ ကိစ္စ​တွေကိုလည်း​ ​ဆွေး​နွေး​မယ်လို့​ ဆိုပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက် ​နေ့​ကတည်း​က ဖွဲ့​စည်း​ထား​တဲ့​ ငြိမ်း​ချမ်း​ရေး​ပုံရိပ်အဖွဲ့​မှာ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု၊​ တိုင်း​ရင်း​သား​ပါတီက ကိုယ်စား​လှယ်​တွေလည်း​ ပါဝင်သလို အနုပညာရှင်တချို့​လည်း​ ပါတယ်လို့​ ဆိုပါတယ်။

ဒီအဖွဲ့​ဟာ ကချင်ပြည်နယ်အတွင်း​က ဒုက္ခသည်စခန်း​တွေဆီကိုလည်း​ ကိုယ်တိုင်သွား​ရောက်ပြီး​တော့​ ဒုက္ခသည်​တွေရဲ့​ အ​ခြေအ​နေနဲ့​ အချက်အလက် စု​ဆောင်း​မှု​တွေ ပြုလုပ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013