DVB Logo
Home
မြန်မာသတင်း
ဗုံးခွဲတရားခံစွပ်စွဲမှု ငြိမ်းချမ်းရေး ဆွေးနွေးပွဲမထိခိုက်နိုင်ဟု ကျောင်းသားတပ်မတော် ပြော
DVB
·
May 16, 2012
ဗုံးခွဲတရားခံစွပ်စွဲမှု ငြိမ်းချမ်းရေး ဆွေးနွေးပွဲမထိခိုက်နိုင်ဟု ကျောင်းသားတပ်မတော် ပြော
Donate to DVB

ဧရာဝတီတိုင်း ဟင်္သာတနဲ့ မြန်အောင် ဗုံးဖောက်ခွဲမှုတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗုံးခွဲသံယရှိသူ တဦးကို ဖမ်းမိထားပြီဆိုတဲ့ အစိုးရသတင်းစာ စွပ်စွဲချက်ဟာ မမှန်ကန်ဘူးလို့ ကျောင်းသားတပ်မတော်ဘက်က ပြောဆိုလိုက်ပါတယ်။

[caption id="attachment_20495" align="alignleft" width="293" caption="ကိုမျိုးဝင်း​"][/caption]

ဒီနေ့သတင်းစာမှာ မြန်အောင်နဲ့ဟင်္သာတ ဗုံးခွဲမှုတွေမှာ ပတ်သက်ခဲ့သူ​ ​အေဘီအက်စ်ဒီအက်ဖ်​ ​ကျောင်းသားအဖွဲ့ ကိုမင်းဇော် ခေါ် သန်းကိုဦးကို အခုလ ၁၁ ရက်နေ့က မဲဆောက်မှာ ဖမ်းမိခဲ့တယ်ဆိုပြီး အစိုးရက စွပ်စွဲထားတာပါ။

ရဲဘော်မျိုးဝင်း ဒု-ဥက္ကဋ္ဌက “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့အဖွဲ့အစည်း ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။ ဘာလို့လဲဆိုတော့ အခုလိုမျိုး ပြည်တွင်းမှာ ဖြစ်ပေါ်မှုတွေ ဖြစ်တိုင်းမှာ အေဘီအက်စ်ဒီအက်ဖ် ပါဝင်ပတ်သက်တယ်။ အေဘီအက်စ်ဒီအက်ဖ် ဆောင်ရွက်ခဲ့တယ် ဆိုတာကတော့ အကြိမ်ပေါင်းများစွာ သူတို့အနေနဲ့ ဖော်ပြခဲ့တာတွေ ရှိခဲ့ဖူးပြီလေ။ အဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ အထူးအထွေ ပြောစရာတော့ မရှိပါဘူး” လို့ ပြောပါတယ်။

အစိုးရသတင်းစာမှာတော့ ကျောင်းသားတပ်မတော် ဗိုလ်ခင်ကျော်က ဖောက်ခွဲမှုတွေကို ခိုင်းစေခဲ့တာဆိုပြီး စွပ်စွဲထားပါတယ်။

ဒီလိုစွပ်စွဲချက်တွေကြောင့် ကျောင်းသားတပ်မတော်နဲ့ အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကိုတော့ မထိခိုက်နိုင်ဘူးလို့  ကိုမျိုးဝင်းက ပြောပါတယ်။

“ဒါကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ အဖြေရှာဖို့အတွက်ကို ဆန္ဒရှိမယ်ဆိုရင်တော့ ဒီကိစ္စကြောင့်တော့ အဟန့်အတား မဖြစ်စေသင့်ဘူးလို့ ကျနော်တို့ ယူဆတယ်လေ။ ဒါ နည်းလမ်းတခု အနေနဲ့ ကျနော်တို့ ကြိုးပမ်းရမှာပဲ။ ဆက်လက်ပြီးတော့ အဖြေရှာနိုင်ဖို့ ကျနော်တို့ ဆောင်ရွက်ကြရမှာပဲ။ အဲဒါကတော့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့တော့ ဒီ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဆင်သင့်ဖြစ်တယ်ဆိုတာကို သူတို့ တာဝန်ရှိတဲ့သူကနေ တဆင့် အသိပေး အကြောင်းကြားထားပြီး ဖြစ်တယ်။ ဒါပေမယ့် ဒီဖြစ်စဉ် ဖြစ်ရပ်အပေါ်မှာ အခြေခံပြီးတော့မှ သူတို့ သဘောထား ဘာတွေဖြစ်လာမလဲဆိုတာကတော့ ကျနော်တို့တော့ မပြောတတ်ဘူးပေါ့နော်။ ဒါပေမယ့် ဒီကိစ္စကြောင့်ဆိုတဲ့ အခြေခံမျိုးနဲ့တော့ ဒီ မဟုတ်မမှန်တဲ့ အကြောင်းအရာတခုအပေါ်မှာ အခြေခံပြီးတော့မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆောင်ရွက်ဖို့အတွက် အဟန့်အတားဖြစ်စေမယ် ဆိုရင်လည်းပဲ ဒါ သူတို့ရဲ့ သဘောပါ။ အဲဒါကတော့ ကျနော်တို့အနေနဲ့တော့ အတိအကျတော့ မပြောနိုင်ဘူးပေါ့။

“ငြိမ်းချမ်းရေး ဆွေးနွေးတယ်ဆိုတဲ့ ကာလမှာတော့ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မဆို စစ်မှန်တဲ့ ငြိမ်းချမ်းရေး မဖော်ဆောင်နိုင်သရွေ့တော့ လက်နက်ကိုင် ပဋိပက္ခတွေကတော့ ရှိနေဦးမှာပဲ။ ဒါနဲ့ အခုဆို အလားတူ ကေအန်ယူနဲ့  ယာယီ အပစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့ ကာလမှာလည်းပဲ အခုလို အခုလိုမျိုး လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ခဲ့တာတွေ ရှိတယ်။ ကချင်မှာလည်း ဖြစ်နေသေးတယ်။ အက်စ်အက်စ်အေ တောင်ပိုင်း၊ အက်စ်အက်စ်အေ မြောက်ပိုင်းမှာ ဆိုရင်လည်းပဲ ယာယီအပစ်ခတတ်ရပ်စဲရေး လုပ်ပြီးတာတောင်မှ ဒီ လက်နက်ကိုင် ပဋိပက္ခတွေက ရှိနေသေးတာပဲ။ ဒါက ဘာကို ဖော်ညွှန်းသလဲဆိုတော့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး မဖော်ဆောင်နိုင်သရွေ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်မှာ မဟုတ်ဘူး။ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက်ကို စစ်မှန်တဲ့ တကယ်ငြိမ်းချမ်းရေးပြဿနာကို အဖြေရှာနိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် စနစ်တကျ ဖော်ဆောင်ရန် လိုတယ်လို့ ကျနော် ပြောချင်ပါတယ်။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ကို ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး စစ်အစိုးရကို လက်နက်ကိုင်အပြုတ်တိုက်ရေးအတွက် ၁၉၈၈ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013