တွံတေး-လှိုင်သာယာလမ်းရှိ စက်သုံးဆီဆိုင် မီးလောင်
DVB
·
February 23, 2018
ပန်းလှိုင်တံတားအဆင်း၊ တွံတေး-လှိုင်သာယာလမ်းမှာရှိတဲ့ စက်သုံးဆီဆိုင်မှာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က မီးလောင်မူဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မူမှာ ဆီဆိုင်အတွင်း ရပ်ထားတဲ့ ဆီပေပါကား ၃ စီး မီးလောင်ခဲ့ပြီး ကားထဲရှိ လူ ၆ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။
မီးလောင်မူကို မြန်မာနိင်ငံ မီးသတ်တပ်ဖွဲ့က Lecel3 အဆင့်ထိ သတ်မှတ်ခဲ့ပြီး ငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၂ နာရီလောက်မှ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနက သတင်းထုတ်ပြန်ပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။
သတင်းဓာတ်ပုံ - အိမမမွန်