A d v e r t i s e m e n t With Us

အိုင်အက်စ်များ၏ ဆိုးရွားစွာ လိင်ကျွန်ပြုခံရပုံအကြောင်း အမျိုးသမီးတဦး ထုတ်ဖော်

ရဲရင့်တဲ့ ရာဇီဒီအမျိုးသမီးတဦးက သူမကို အိုင်အက်စ်တွေ လိင်ကျွန်ပြု ဖမ်းဆီးပုံနဲ့ အိုင်အက်စ် ဂျီဟက်တွေရဲ့ လက်ထဲကနေ လွတ်မြောက်လာပုံအကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဖာရီဒါအက်ဘက်စ်ခါလက်ဖ် အသက် ၂၂ နှစ်က အိုင်အက်စ်စစ်သားတွေရဲ့ ဖမ်းဆီးခံရပြီး ၄ လကြာ လိင်ကျွန်ပြု နှိပ်စက်ခံခဲ့ရတာလို့ မေရာသတင်းမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြထားပါတယ်။ ဂျီဟက်တွေ ရွာကို ဖျက်ဆီးပြီး သူမအဖေနဲ့ အကိုအပါအဝင် ယောက်ျားအားလုံးကို သတ်ဖြတ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ အီရတ်ကျောင်းသူဖြစ်တဲ့ သူမ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေအားလုံးကို အိုင်အက်စ်နေတဲ့ နေရာဆီ  ခေါ်သွားခဲ့တယ်လို့ ပြောပါတယ်။ သူမတို့အားလုံး နှိပ်စက်ခံရပြီး ၈ နှစ်အရွယ် မိန်းကလေးတဦးအား စစ်သားတယောက် အဓမ္မပြုကျင့်တာ သူမကို အတင်းကြည့်ခိုင်းခဲ့တယ်လို့ ဖာရီဒါက ပြောပါတယ်။ “ကျမ အခြား ရာဇီဒီမိန်းကလေးတွေလိုပဲ ချက်ပြုတ် အဝတ်လျှော် သန့်ရှင်းရေး လုပ်ရတယ်။ ဒါပေမယ့် ကျမကိုတော့ လိင်ကျွန်ပြုခဲ့ကြတယ်။ သူတို့ ကျမကို လုံးဝ လူမဆန်အောင် ဆက်ဆံခဲ့ကြတာ၊ အဓမ္မပြုကျင့်ခံရတဲ့အခေါက်တိုင်း ရိုက်ခံရတယ်။ ကျမ ၂ လလောက် ကောင်းကောင်း မလှုပ်ရှားနိုင်သလို ဒဏ်ရာတွေကြောင့် ကောင်းကောင်း မမြင်ရဘူး” လို့ ပြောပါတယ်။ ဂျီဟက်တွေထံကနေ နောက်ဂျီဟက်တွေဆီ အကြိမ်ကြိမ် ရောင်းစားခံရတယ်၊ ဆီးရီးယား ရက်ကာမြို့က ဈေးတခုမှာ ပထမဆုံး ကျွန်အနေနဲ့ ရောင်းချခံရတယ်လို့ ဖာရီဒါက ပြောပါတယ်။ အိုင်အက်စ်တွေ သတ်ခံရတဲ့ သူမအဖေအကြောင်းနဲ့ ပြောစကားကိုတွေးပြီး သူမရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရပုံ၊ အဓမ္မပြုကျင့်ခံရတဲ့ ၈ နှစ်အရွယ် မိန်းကလေးအကြောင်းက ရိုက်နှက်တဲ့ ဒဏ်တွေ ခံနိုင်အောင် သူမကို ခွန်အားပေးပုံကိုလည်း ဖာရီဒါက ရှင်းပြပါတယ်။ လေးလကြာအပြီးမှာ အိုင်အက်စ် ခေါင်းဆောင်တဦးက သူမကို သတ်မယ်ခြိမ်းခြောက်လို့ အခြား အမျိုးသမီး ၅ ဦးနဲ့အတူ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သူမက ပြောပြီး ညဘက်ထွက်ပြေး၊ မနက်ဘက် အိမ်တအိမ်မှာ ၃ ရက် ပုံးအောင်းကာ လူကုန်ကူးသူတွေရဲ့ အကူအညီနဲ့ အီရတ်ကို ပြန်ရောက်လာတယ်လို့ ပြောပါတယ်။ အခုအချိန်မှာ ဖာရီဒါက ဂျာမနီနိုင်ငံမှာ နေပြီး အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေက လူနည်းစု ရာဇီဒီတွေကို အိုင်အက်စ်တွေ အစုအလိုက်အပြုံလိုက် သတ်ဖြတ်တာနဲ့ပတ်သက်လို့ နိုင်ငံတကာက သိအောင်နဲ့ အိုင်အက်စ်တွေကို တရားစွဲဖို့ ကြိုးစားနေတဲ့ ရာဇ်ဒါဆိုတဲ့ အန်ဂျီအိုအဖွဲ့မှာ တက်တက်ကြွကြွ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up