DVB Logo
Home
မြန်မာသတင်း
အချစ်က အဖြူရောင်စက္ကူလေးတရွက်နဲ့တူပါတယ် - နန်းဆုရတီစိုး
DVB
·
February 23, 2018
အချစ်က အဖြူရောင်စက္ကူလေးတရွက်နဲ့တူပါတယ် - နန်းဆုရတီစိုး
1 / 2
Donate to DVB

သရုပ်ဆောင်၊ အဆိုတော် နန်းဆုရတီစိုးက အချစ်ရဲ့အဓိပ္ပာယ်ကို အဖြူရောင်စက္ကူလေး တရွက်နဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။

“အချစ်ရေးကတော့ အခုချိန်ထိ အေးအေးဆေးဆေး သာသာယာယာပါပဲ။ တယောက်ရဲ့ လိုအပ်ချက်ကို တယောက်က ဖြည့်ဆည်းပေးရင်း ကူညီပေးရင်းနဲ့ပဲ နားလည်မှုတွေနဲ့ပဲ နေဖြစ်ပါတယ်။ အားလုံးလည်း မြင်တဲ့အတိုင်းပါပဲ ပျော်ပါတယ်။ ဖူးစာဆိုတာ ရှိပါတယ်။ နန်းဆုက ဖူးစာကို ယုံပါတယ်။ ရေစက်ရှိလို့လည်း နန်းဆုတို့ တွေ့ဆုံရတာပါ။ တကယ်ဖူးစာဆုံရင် နန်းဆုတို့ ပေါင်းရမှာပါ။ အချစ်နဲ့ပတ်သက်တဲ့ ခံယူချက်ဆိုရင် အချစ်က အဖြူရောင်စက္ကူလေး တရွက်နဲ့ တူပါတယ်။ နန်းဆုကတော့ သူ့အပေါ်ကို ဖြူစင်တဲ့ အချစ်တွေပဲ ပေးမှာပါ။ ဖြူဖြူစင်စင်ပဲ နားလည်မှုတွေ၊ သစ္စာရှိမှုတွေနဲ့ ကူညီဖေးမမှုတွေ၊ ကြင်နာမှုတွေနဲ့ပဲ သွားမှာပါ။ အဲဒီအချက်လေးတွေကို နှစ်ယောက်လုံး ထိန်းထားနိုင်ရင် သာသာယာယာ ဖြစ်နေဦးမှာပါ” လို့ ပြောပါတယ်။

သူမအနေနဲ့ မကြာခင်ကမှ အဆိုတော် G-Fatt နဲ့ တရားဝင်ချစ်သူတွေ ဖြစ်နေကြောင်းကို ပရိသတ်တွေကို ပြောပြခဲ့တာဖြစ်ပြီး၊ နှစ်ယောက်သား စိတ်တူကိုယ်တူ ဖြစ်တဲ့အတွက် တရားဝင်တွဲဖြစ်တာလို့လည်း ပြောပါတယ်။

“နန်းဆုရဲ့ နေထိုင်တဲ့ ပုံစံကိုက ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်နဲ့ပဲ နေတတ်တယ်။ ပျော်စရာရှိရင်လည်း ပျော်တယ်။ စိတ်ညစ်စရာရှိလည်း ခဏပဲ။ ပျော်ပျော်နေတတ်တယ်။ သူနဲ့ဆိုလည်း အမြဲစနောက်နေတာပါ။ သူကလည်း ပျော်ပျော်ပဲနေတတ်တယ်။ အဲဒါကြောင့် တွဲဖြစ်တယ်လို့လည်း ထင်ပါတယ်။ သူက အစအနောက်သန်တယ်။ နန်းစုရဲ့ဖေ့ဘွတ်ခ်မှာ ပုံတင်ရင်လည်း သူက ပို့စ်အောက်ကနေ ကွန်မန့်ဝင်ရေးတယ်။ ပရိသတ်တွေက သိကြတာပေါ့” လို့ နန်းဆုရတီစိုးက ပြောပါတယ်။

နန်းဆုရတီစိုးအနေနဲ့ ၂၀၁၆ ခုနှစ်က “ရှေ့ဆက်သွားမှာပဲ” တကိုယ်တော် အခွေကို ထွက်ရှိထားပြီး၊ နောက်ဆုံး ထွက်ရှိခဲ့တာကတော့ “ရူးခါနေအောင် ချစ်ရသူ” ဆိုတဲ့ သီချင်း အမ်တီဗွီတပုဒ်ကလည်း ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါသေးတယ်။

သတင်း - ကြယ်စု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013