A d v e r t i s e m e n t With Us

၂၀၃၀ ပြည့်နှစ်တွင် တနိုင်ငံလုံး မီးလင်းရေး ဆောင်ရွက်မည်ဟု မန္တလေးတိုင်း ဝန်ကြီးချုပ်ပြော

လာမယ့် ၂၀၃၀ ပြည့်နှစ်​ရောက်​ရင်​ မြန်မာတ​နိုင်​ငံလုံး လျှပ်​စစ်​မီး ရရှိ​အောင်​ ​ဆောင်​ရွက်​သွားမယ်လို့ မန္တလေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​က ပြောကြားလိုက်ပါတယ်။ မန္တလေးတိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​နဲ့ တိုင်း​ဒေသကြီး အစိုးရ အဖွဲ့ဝင်​တွေဟာ ဖေဖော်ဝါရီ ၂၂ ရက်က မြင်းခြံမြို့နယ်​ရှိ ​ကျေးရွာ ၆ ရွာ ကိုယ်​ထူကိုယ်​ထ လျှပ်စစ်​မီးလင်း​ရေး ဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခုလို ပြောကြားခဲ့တာပါ။ ဝန်​ကြီးချုပ်​ ​ဒေါက်​တာ ​ဇော်​မြင့်​မောင်က " ကျ​နော်​တို့ တာဝန်​ယူတဲ့အချိန်​မှာ ​ကျေးလက်​​နေ ပြည်​သူ​တွေရဲ့ ဘဝ​တွေကို မြှင့်တင်​သွားမှာ ဖြစ်​ပါတယ်​။ မြန်​မာနိုင်​ငံမှာ ၇၀ ရာခိုင်​နှုန်းဟာ ​ကျေးလက်​​နေ ပြည်​သူ​တွေ ဖြစ်​တဲ့အတွက်​ တိုင်းပြည်​မှာ ရှိ​နေတဲ့ ပြည်​သူ​လူထုရဲ့ ဘဝ​တွေကို မြှင့်တင်​​ပေးသွားမှာပါ။ ကျ​နော်​တို့ အစိုးရသစ်​လက်​ထက်​ တာဝန်​ယူတဲ့အချိန်​မှာ အစိုးရက ရတဲ့ အခွန်​အမြတ်​​တွေကို တိုင်းပြည်​အတွက်​ ပြန်​သုံးတဲ့အခါမှာ အဓိကထားတဲ့​နေရာ ၃ ​နေရာ ရှိပါတယ်​။ အဲဒါ​တွေက ​ကျေးလက်​မီးလင်း​ရေး၊ ​ကျေးလက်​လမ်းများ ​ဖောက်​လုပ်​​ပေး​ရေး၊ ​ကျေးလက်​များ​ သောက်​သုံး​ရေ ရရှိ​ရေး၊ ပညာ​ရေး၊ ကျန်းမာ​ရေး​တွေကို ဦးစား​ပေးလုပ်​သွားမှာပါ။ အစိုးရသစ်​လက်​ထက် တာဝန်​ယူတဲ့အချိန်​ကစပြီး ​ကျေးရွာ ၅၀၀ ​ကျော်​ မီးလင်းနိုင်​ခဲ့ပြီး ၄၀၀ ​ကျော်​ မီးလင်းရန်​အတွက်​ ကြိုးပမ်း​ဆောင်​ရွက်​​နေပြီး ၂၀၃၀ မှာ တနိုင်​ငံလုံး လျှပ်​စစ်​မီးလင်း​အောင်​ လုပ်​​ဆောင်​သွားမှာ ဖြစ်​တယ်​။” ဝန်ကြီးချုပ်နဲ့အဖွဲ့ဟာ မြင်းခြံမြို့နယ်​ရှိ သ​င်္ဘောတင်​​ကျေးရွာ၊ အနိမ့်ကျေးရွာ၊ တလုပ်​မြို့ကျေးရွာ၊ မြို့ကြီးကုန်း​ကျေးရွာ၊ ရွာသစ်​​ကျေးရွာ၊ ရွာရှည်​​ကျေးရွာတွေက ကိုယ်ထူကိုယ်ထ မီးလင်းရေး ဖွင့်ပွဲအခမ်းနားတွေကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ သတင်း - ရီရီထွန်း

A d v e r t i s e m e n t With Us

More News
Up