Home
မြန်မာသတင်း
စီမံကိန်းတခုကိုဘတ်ဂျတ် ၂ ခါတောင်းသည့် ရန်ကုန်တိုင်းအစိုးရ လွှတ်တော်တွင် ဝေဖန်ခံရ
ပြည့်ဘုန်းအောင်
·
February 22, 2018
28276402_1746878068708363_5212561173790447796_n
  ဘဏ္ဍာရေးစည်းမျဉ်းကို ဖောက်ဖျက်ပြီး စီမံကိန်း တခုကို ဘတ်ဂျတ် ၂ ခါတောင်းတဲ့ အတွက် ရန်ကုန်တိုင်းအစိုးရကို ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဝေဖန်လိုက် ပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ ရန်ကုန်မှာ ဆောက်လုပ်မယ့် ပညာရေး ၀န်ကြီးဌာနက ၀န်ထမ်းအိမ်ရာ ၂၆ လုံးအတွက် အခုဘဏ္ဍာနှစ် ဘတ်ဂျက်အပြင် လာမယ့် ဘဏ္ဍာနှစ် ဘတ်ဂျက်မှာပါ ထပ်မံတောင်းဆိုမှု ပြုလုပ်တာဟာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်တာလို့ ရန်ကုန်တိုင်းဘဏ္ဍာရေး၊ စီမံကိန်း၊ စီးပွားရေး စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက တိုင်းလွှတ်တော်မှာ ဝေဖန်ပြောဆိုလိုက်တာပါ။ ဒါ့အပြင် ဘတ်ဂျက်တောင်းခံထားတဲ့ ၀န်ထမ်းအိမ်ရာဆောက်လုပ်ဖို့ အပြင်အဆင် ဒီဇိုင်းဟာ သတ်မှတ်စံချိန်စံနှုန်းကို မမီတာကြောင့် လက်ရှိအချိန်ထိ လုပ်ငန်းမဆောင်ရွက်တာေ သးတာကြောင့် တောင်းခံထားတဲ့ ဘတ်ဂျက်ငွေတွေကို ပြန်အပ်သင့်တယ်လို့ ဒေါ်စန္ဒာမင်းက ဆိုပါတယ်။ “ကျမတို့အနေနဲ့ PAE သောင်းသုံးထောင်နဲ့ ရေးဆွဲထားတဲ့ ၀န်ထမ်းအိမ်ရာတွေကို လက်မခံနိုင်ဘူးလို့ ပြောဆိုတဲ့အခါမှာ တာဝန်ရှိသူတွေဟာ ဒီတစ်နှစ်တော့ အိမ်ရာကို ကြမ်းခင်း၊ အမိုးနဲ့ တိုင်လေးတွေသာ ထောင်ထားလိုက်ပြီး နောက်နှစ်ဘတ်ဂျက်မှ ကျန်တာတွေအတွက် ထပ်ထည့်ပေးမှာမယ်လို့ တာဝန်ရှိသူတွေက ကျမတို့ကို လာညှိနှိုင်းတယ်။ ဒါဟာ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေကို တာဝန်ရှိသူတွေက သိသိကြီးနဲ့ဖာက်ဖျက်တာဖြစ်တယ်။ စီမံကိန်း အသေးလေးတွေအတွက် ၁၀၀ ရာခိုင်နှုန်းတိုက်ရိုက်တောင်းခဲ့ပြီးမှ မလုပ်လို့ နောင်နှစ် ဘတ်ဂျက်မှာ ထပ်မံတောင်းခံလို့ မရပါဘူး။ ဒါဟာ ၃ နှစ်စီမံကိန်းနဲ့ လုပ်ရမယ့်စီမံကိန်းလည်း မဟုတ်ဘူး။ ၁၀၀ ရာခိုင်နှုန်း ဘတ်ဂျက်ပေးပြီးသားကို မလောက်ငှလို့ နောင်နှစ်ဘက်ဂျက်မှာ ထပ်မံချပေးဖို့ ထုံးစံမရှိဘူး”လို့  ဒေါ်စန္ဒာမင်းက လွှတ်တော်မှာ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးနဲ့ စီမံကိန်း စိစစ်ရေး ကော်မတီဥက္ကဋ္ဌဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော် ဆဌမပုံမှန် သတ္တမနေ့အစည်းအဝေးမှာ ဝေဖန်ထောက်ပြခဲ့ တာပါ။ ကော်မတီရဲ့ထောက်ပြမှုကို သက်ဆိုင်ရာ တိုင်းအစိုးရ၀န်ကြီးက မှန်ကန်ကြောင်း လွှတ်တော်မှာ ၀န်ခံဖြေကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024