Homeမြန်မာသတင်း
SME လုပ်ငန်းတွေကို ချေးငွေထုတ်ချေးပေးနိုင်ဖို့ JICA ထံက ချေးယူရန်တင်ပြချက် လွှတ်တော်အတည်ပြု
SME လုပ်ငန်းတွေကို ချေးငွေထုတ်ချေးပေးနိုင်ဖို့ JICA ထံက ချေးယူရန်တင်ပြချက် လွှတ်တော်အတည်ပြု
အောင်ဆန်းဦး
·
February 22, 2018
အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(SME)အတွက် ဂျပန်နိုင်ငံအစိုးရကိုယ်စား၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆောင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICAထံမှ ဂျပန် ယန်း(၁၄.၉၄၉)ဘီလီယံအား တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေဖြစ် ရယူနိုင်ဖို့ တင်ပြချက်ကို ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
ဂျပန်နိုင်ငံအနေနဲ နိုင်ငံတွင်း အပ်ငွေအတိုးနှုန်း ၀ ရာခိုင်နှုန်းအောက် သက်မှတ်ထားတဲ့ အတွက် မြန်မာနိုင်ငံကို အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနဲ့ ချေးနိုင်တာဖြစ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဦးမောင်မောင်ဝင်းက ပြောပါတယ်။
“JICA မှ (၀.၀၁)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းမှာ ၎င်းနိုင်ငံ၏ အပ်ငွေ အပေါ်ပေးသည့် အတိုးနှုန်းသည် သုညအောက် ရောက်နေသော အတိုးနှုန်းဖြစ်နေပြီဖြစ်ပါတယ်၊ အတိုးကိုဘဏ်မှ မပေးရဘဲ အပ်နှံသူမှ အတိုးပေးရသည့် သဘောဖြစ်ပါတယ်၊ သို့ဖြစ်ပါ၍ JICA ODA ချေးငွေများသည် အတိုးနှုန်း (၀.၀၁)ဖြင့် ပေးနိုင်ခြင်းဖြစ်ပါတယ်”လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ဆိုပါတယ်။
JICA ကနေ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းနဲ့ ချေးယူထားတဲ့ ဂျပန် ယန်း (၁၄.၉၄၉) ဘီလီယံကိုတော့ မြန်မာနိုင်ငံအစိုးရအနေနဲ့ SME လုပ်ငန်းတွေကို အတိုးနှုန်း ၈ ရာခိုင်နှုန်းနဲ့ ပြန်လည်ထုတ်ချေးသွားမှာဖြစ်တယ်။