DVB Logo
Home
မြန်မာသတင်း
ဂရင်းရွိုင်ရယ် အရက်ချက်စက်ရုံအလုပ်သမားများ လစာတိုးပေးရေး ဆက်လက် တောင်းဆို
DVB
·
May 16, 2012
Donate to DVB

ရန်ကုန် ​ရွှေပြည်သာမြို့​နယ်က ဂရင်း​ရွယ်ရယ် အရက်ချက်စက်ရုံ အလုပ်သမား​တွေက သူတို့​ရဲ့​ လုပ်ခလစာ တိုး​ပေး​ရေး​တောင်း​ဆိုထား​တာကို အလုပ်ရှင်က မလိုက်​လျောခဲ့​လို့​ ဆက်လက်​တောင်း​ဆိုမှု​တွေ လုပ်သွား​မယ်လို့​ အလုပ်သမား​တွေက ​ပြောပါတယ်။

ရွှေပြည်သာမြို့​နယ်၊​ ဝမ်း​နိုင်း​နိုင်း​မှတ်တိုင်နား​မှာရှိတဲ့​ ဂရင်း​ရွယ်ရယ်စက်ရုံခွဲက အလုပ်သမား​ ၂၀၀ ​ကျော်တို့​ဟာ ပြီး​ခဲ့​တဲ့​လ ၂၈ ရက်ကတည်း​က လုပ်ခလစာတိုး​ပေး​ဖို့​ ​တောင်း​ဆိုဆန္ဒပြခဲ့​ကြတာ ဖြစ်ပါတယ်။ ဒီအ​ရေး​နဲ့​ ပတ်သက်ပြီး​ အလုပ်သမား​၊​ အလုပ်ရှင်နဲ့​ အလုပ်သမား​ဦး​စီး​ဌာန တာဝန်ရှိသူ​တွေ အကြိမ်ကြိမ် ညှိနှိုင်း​ ​ဆွေး​နွေး​ခဲ့​ကြပါတယ်။

အဲ့​ဒီလို ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ကြပြီး​၊​ ​ရွှေပြည်သာစက်မှုဇုန် ကွပ်ကဲ​ရေး​ရုံး​၊​ က​နောင်ခန်း​မမှာ ဒီ​နေ့​ ​တွေ့​ဆုံကြဖို့​ ချိန်း​ဆိုထား​ရာမှာ အလုပ်ရှင်ဘက်က မလိုက်​လျောခဲ့​တဲ့​အ​ကြောင်း​ အလုပ်သမား​တဦး​က ​ပြောပါတယ်။

“ညီမတို့​က အ​ခြေခံလစာကို ၇ ​သောင်း​ ​တောင်း​တယ်။ နှစ်ကြီး​သမား​တွေ​ပေါ့​နော်။ ၆ နှစ် ၇ နှစ် လူ​တွေချည်း​ပဲ အကုန်လုံး​က။ နှစ်တိုး​ကြေး​ကို တနှစ်ကို ၃၀၀၀။ ၃၀၀၀ ​ထောင်ချင်း​ပေါ့​။ ၂ နှစ်သမား​က ၆၀၀၀၊​ အဲဒီလိုမျိုး​ နှစ်လိုက် ​တောင်း​သွား​တယ်။ အရင်​နေ့​က စက်ရုံက ကိုယ်စား​လှယ်ဆိုတဲ့​ ဦး​လေး​ကြီး​ လာတုန်း​က သူ​ပြေလည်​အောင် လုပ်​ပေး​ပါ့​မယ်တဲ့​။ ဒီ​နေ့​ ၁၆ ရက်​နေ့​ကို ​စောင့်​ပေး​ပါဆိုလို့​ ညီမတို့​ဘက်က ​စောင့်​လိုက်တယ်။ မနက် ၁၀ နာရီထိုး​ကတည်း​က ဒီမှာ​စောင့်​နေတာ။ သူတို့​ မနက်ကလည်း​ ​ရောက်လာတယ်။ ဒါ​ပေမယ့်​ အဆင်​ပြေ​အောင် ညှိ​ပေး​မယ်ဆိုပြီး​ ကိုယ်စား​လှယ် ၇ ​ယောက်နဲ့​ အရင်​တွေ့​တယ်၊​ ဝင်​တွေ့​ပြီး​တော့​ သူတို့​က ကတိ​ပေး​သွား​တယ်။ ​ပြေလည်​အောင် လုပ်​ပေး​မယ်ဆိုပြီး​ ​ပြောပြီး​တော့​။ အခုကျ​တော့​ ညီမတို့​တောင် မသိဘူး​ ပြန်သွား​တဲ့​ဟာကို။ ဘာမှလည်း​ မ​ပြောဘဲနဲ့​ အလုပ်သမား​တွေ အကုန်လုံး​က ဒီရုံး​မှာ အကုန်လုံး​ထိုင်​စောင့်​လို့​ ထမင်း​လည်း​ မစား​ရဘူး​ မနက်ကတည်း​က။ အခုက နဂိုလစာအတိုင်း​ပဲ ​ပေး​နိုင်မယ်တဲ့​။ လုံး​ဝ မ​ပေး​နိုင်ဘူး​ပေါ့​နော်။ သူက စာနဲ့​ပဲ ထား​ခဲ့​တယ်။ ညီမတို့​ကို ​ခေါ်​တွေ့​ပြီး​တော့​ ​ပြောသွား​တာ​တောင် မဟုတ်ဘူး​။”

သူတို့​ရဲ့​ လက်ရှိလုပ်ခလစာက ရက်အများ​ဆုံး​ဆင်း​တဲ့​ သူတဦး​ကို ကျပ် ငါး​သောင်း​တ​ထောင်ပဲ ရတာလို့​လည်း​ ​ပြောပါတယ်။

အလုပ်သမား​တွေ စု​ဝေး​ခဲ့​ကြတဲ့​ က​နောင်ခန်း​မနား​မှာ အလုပ်ရှင်ဘက်က ​တောင်း​အေ့​စ်ကား​သုံး​စီး​နဲ့​ လူ အ​ယောက် ၃၀ ​ကျော်ဟာ ခြိမ်း​ခြောက်တဲ့​ပုံစံနဲ့​ အင်အား​ပြ လာ​ရောက် ​စောင့်​ဆိုင်း​နေကြတာ ​တွေ့​ခဲ့​ရ​ကြောင်း​ သတင်း​သွား​ယူတဲ့​ ပြည်တွင်း​ဂျာနယ် သတင်း​ထောက်တဦး​က ​ပြောပါတယ်။

အလုပ်သမား​အ​ရေး​ ​ဆောင်ရွက်​ပေး​နေသူ​တွေက​တော့​ ဒီကိစ္စ အလုပ်သမား​ တရား​ရုံး​ထိ​ရောက်​အောင် ဆက်လက် ​ဆောင်ရွက်သွား​မယ်လို့​ ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013