DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာလယ်သမား​များ​ အိုး​အိမ်ဌာနကို ဆန္ဒပြမည်
DVB
·
May 16, 2012
Donate to DVB

ရန်ကုန်တိုင်း​ လှိုင်သာယာမြို့​နယ်ထဲက လယ်သမား​တွေဟာ အသိမ်း​ခံရတဲ့​ လယ်​မြေ​တွေမှာ ပြန်လုပ်ကိုင်ခွင့်​ရဖို့​ ​တောင်း​ဆိုထား​တဲ့​ကိစ္စ အိုး​အိမ်ဌာနက ​ဖြေရှင်း​မ​ပေး​ရင် ဆန္ဒပြမယ်လို့​ သတိ​ပေး​ပြောကြား​လိုက်ပါတယ်။

လှိုင်သာယာမြို့​နယ်ထဲက အတွင်း​ပဒံ၊​ အပြင်ပဒံနဲ့​ ကျွန်း​လုပ်ကြီး​ကျေး​ရွာ အုပ်စု​တွေက လယ်သမား​ ၆၀ ​ကျော်ရဲ့​ လယ်​မြေ ဧက ၂ ​ထောင်​လောက်ကို အိုး​အိမ်ဦး​စီး​ဌာနက စက်မှုဇုန်တည်​ဆောက်ဖို့​ ဆိုပြီး​ ၁၉၉၈ ခုနှစ်​လောက်က နစ်နာ​ကြေး​ တစုံတရာမ​ပေး​ဘဲ သိမ်း​ယူခဲ့​တာပါ။

ဒီလယ်ယာ​မြေ​တွေ​ပေါ်မှာ အိုး​အိမ်ဦး​စီး​ဌာနက ဝါဝါဝင်း​ ကုမ္ပဏီနဲ့​ အကျိုး​တူပူး​ပေါင်း​ပြီး​ အ​နော်ရထာ စက်မှုဇုန်တည်​ထောင်ထား​ပေမယ့်​ ​မြေရဲ့​ ၁၀ ရာခိုင်နှုန်း​အောက်မှာပဲ စက်မှုဇုန် အ​ကောင်အထည်​ဖော်ခဲ့​ပြီး​ ကျန်တဲ့​ လယ်ယာ​မြေ​တွေမှာ လယ်သိမ်း​ယူခံထား​ရတဲ့​ လယ်သမား​တွေကိုပဲ သီး​စား​ အငှား​ချထား​ အလုပ်လုပ်ခိုင်း​ခဲ့​ပါတယ်။

ဒါ​ကြောင့်​ လယ်သမား​တွေဟာ ဒီလယ်​မြေ​တွေ ပြန်လည်ပိုင်ဆိုင်ခွင့်​ရဖို့​နဲ့​လုပ်ငန်း​တွေ လုပ်ကိုင်ခွင့်​ရဖို့​ အိုး​အိမ်ဌာနကို ​မေ ၉ ရက်နဲ့​ ၁၅ ရက်​တွေမှာ ၂ ကြိမ်တိုင် သွား​ရောက် ​တောင်း​ဆိုခဲ့​ပါတယ်။

လယ်သမား​တွေရဲ့​ ​တောင်း​ဆိုချက်​တွေထဲမှာ စက်မှုဇုန်အတွက် သိမ်း​ထား​တဲ့​ လယ်​မြေ​တွေနဲ့​ လုပ်ပိုင်ခွင့်​တွေကို ဝါဝါဝင်း​ကုမ္ပဏီဆီက​နေ အိုး​အိမ်ဌာနက ပြန်လွှဲ​ပြောင်း​ယူဖို့​၊​ အဲဒီ​နောက် ဒီ​မြေ​တွေကို မူလလက်ငုတ်​မြေပိုင်ရှင် လယ်သမား​တွေဆီကို ပြန်​ပေး​အပ်ဖို့​နဲ့​ ဒီ​မြေ​တွေမှာ ကုမ္ပဏီ​ထောင် လုပ်ကိုင်ခွင့်​ရဖို့​ ​တောင်း​ဆိုချက်​တွေ ပါဝင်ပါတယ်။ ဒါ​ပေမယ့်​ အိုး​အိမ်ဌာနက အ​ရေး​ယူ ​ဆောင်ရွက်​ပေး​တာ မရှိတဲ့​အတွက် လယ်သမား​တွေက ​မေလကုန်မှာ ဆန္ဒပြဖို့​ ဆုံး​ဖြတ်လိုက်တာလို့​ လယ်သမား​အ​ရေး​ ကူညီ​ပေး​နေတဲ့​ ဦး​ဝင်း​ချိုက ​ပြောပါတယ်။

“အဲဒီတင်ပြချက်နဲ့​ ပတ်သက်ပြီး​တော့​ တစုံတရာ အ​ကြောင်း​ပြန်ကြား​ခြင်း​ မရှိတဲ့​အတွက် မ​နေ့​က အိုး​အိမ်ဦး​စီး​ဌာကို ထပ်မံသွား​ရောက်ပြီး​တော့​ ကျ​နော့်​ရဲ့​ ​တောင်း​ဆိုချက် အမှတ်စဉ် (၂) နဲ့​ အမှတ်စဉ် (၃) ဟာ လက်တ​လော ​ဖော်​ဆောင်နိုင်ရန်အတွက် အခက်အခဲ ရှိတယ်ဆိုတာကို ကျ​နော်တို့​ နား​လည်သ​ဘော​ပေါက်ပါတယ်။ သို့​သော်လည်း​ အမှတ်စဉ် (၁) က​တော့​ ဌာနဆိုင်ရာ စည်း​မျဉ်း​စည်း​ကမ်း​ကို ​ဖောက်ဖျက်ကျူး​လွန်တဲ့​ ကုမ္ပဏီကို အ​ရေး​ယူခြင်း​ ဆိုတဲ့​ဟာက​တော့​ လတ်တ​လော ​ဖြေရှင်း​ပေး​ရန် ဖြစ်ပါတယ်။ လတ်တ​လော ​ဖြေရှင်း​ပေး​ရမယ့်​ ကိစ္စကိုမှ အိုး​အိမ်ဦး​စီး​ဌာနဟာ ပျက်ကွက်​နေဦး​မယ် ဆိုရင် ​မေလ ၃၁ ရက်​နေ့​အထိ တစုံတရာ အ​ရေး​ယူ​ဆောင်ရွက်ခြင်း​ မရှိရင် ကျ​နော်တို့​ အ​နေနဲ့​ ကျ​နော်တို့​ တတ်နိုင်တဲ့​ တခုတည်း​သော နည်း​လမ်း​ဖြစ်တဲ့​ အိုး​အိမ်ဦး​စီး​ဌာနကို ဆန္ဒပြမှာ ဖြစ်​ကြောင်း​ကို မ​နေ့​က ​တောင်း​ဆိုခဲ့​ပါတယ်။”

လယ်သမား​တွေဟာ အသိမ်း​ယူခံရတဲ့​ မိမိလယ်​မြေထဲမှာပဲ သီး​စား​လုပ်ရတဲ့​အတွက် လုပ်ငန်း​အဆင်မ​ပြေသလို ကြုံရာကျပန်း​ လုပ်ကိုင်စား​သောက်ရတဲ့​အတွက်လည်း​ စား​ဝတ်​နေ​ရေး​ အခက်အခဲ ဖြစ်​နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013