လာကြိုခ အခေါက်တိုင်း ပေါင် ၁၀၀ တောင်းသည့် ခင်ပွန်းကို ဇနီးက အမှုဖွင့်

ဓာတ်ပုံ - iStock
ကားနဲ့လာကြိုတိုင်း ပေါင် ၁၀၀ တောင်းတဲ့ ခင်ပွန်းကို ဇနီးသည်က ကွာရှင်းဖို့ အမှုဖွင့်လိုက်ပါတယ်။ ဒူဘိုင်းနိုင်ငံမှာ ခင်ပွန်းဖြစ်သူက အလုပ်မရှိဘဲ ဇနီးသည်က အိမ်ထောင်ဦးစီးဖြစ်နေလို့ အိမ်ရဲ့ကုန်ကျစရိတ်မှန်သမျှကို ပေးနေရတယ်လို့ ဆိုပါတယ်။ အမျိုးသမီးဖြစ်သူဟာ ကိုယ်ပိုင်ကားမရှိလို့ ခင်ပွန်းဖြစ်သူကို လာကြိုဖို့ပြောတိုင်း အမျိုးသားက ငွေ ၉၈ ပေါင်နဲ့ ညီမျှတဲ့ ဒူဘိုင်းငွေ ၅၀၀ တောင်းခဲ့တာလို့ အယ်ဘရန်သတင်းမှာ ဖော်ပြထားပါတယ်။ အမျိုးသားက ဇနီးကိုကြိုချိန်မှာ သူငယ်ချင်းတွေနဲ့ မတွေ့ရတာကြောင့် အလျော်တောင်းတဲ့အနေနဲ့ ငွေတောင်းတာလို့ ဆိုပါတယ်။ ဒေသခံသတင်းတွေထဲမှာ အမျိုးသားက ညတိုင်း သူငယ်ချင်းတွေနဲ့ထွက်ချိန် ဇနီးကို ကလေးတွေနဲ့ အိမ်မှာထားခဲ့တယ်လို့လည်း ရေးထားပါတယ်။ ခင်ပွန်းက သူမကို လာကြိုပေးရလို့ ပထမဆုံး ပိုက်ဆံ ၅၀၀ တောင်းချိန် ဒါက တကြိမ်တခါပဲ တောင်းတယ်ထင်လို့ ဇနီးသည်က ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် နောက်တကြိမ်လာကြိုဖို့ ပြောချိန် ပိုက်ဆံထပ်တောင်းတဲ့အခါမှတော့ သူမက ကွာရှင်းဖို့ ဆုံးဖြတ်ပြီး လွန်ခဲ့တဲ့တလက အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up