Homeမြန်မာသတင်း
ဘုတ်ပြင်းမြို့နယ်တွင် အရှည် (၁၀)တောင်ခန့်ရှိ မိကျောင်းကြီး အဆွဲခံရပြီး လူ ၁ ဦးသေဆုံး
ဘုတ်ပြင်းမြို့နယ်တွင် အရှည် (၁၀)တောင်ခန့်ရှိ မိကျောင်းကြီး အဆွဲခံရပြီး လူ ၁ ဦးသေဆုံး
DVB
·
February 21, 2018
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်မှာ မိကျောင်းဆွဲခံရလို့ အမျိုးသား ၁ ဦးသေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်က ဘုတ်ပြင်းမြို့နယ်၊ ရွာသစ်ကျေးရွာ ပန်းပုံ ချောင်း ဒီရေတောကမ်းစပ်မှာ ရွာသား ဦးတင်ထွန်း(၃၇)နှစ်ကို အရှည်(၁၀)တောင်ခန့်ရှိတဲ့ မိကျောင်း(၁)ကောင်က အမြီးနဲ့ ရိုက်ချကိုက်ချီပြီး ရေထဲသို့ဆွဲချသွားခဲ့တာပါ။
ပျောက်ဆုံးနေတဲ့ အဆိုပါရွာသားကို လိုက်လံ ရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက် မနက် ၉ နာရီလောက်က ရွာသစ်ကျေးရွာ အနောက် မြောက်ဘက် ပန်းပုံချောင်းကမ်းစပ်ရွံ့နွံထဲမှာ ဦးတင်ထွန်းကို ယာလက်မောင်း၊ ယာပုခုံး၊ လည်ပင်း တို့မှာ ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာပါ။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘုတ်ပြင်းမြို့မရဲစခန်းမှာ သေမှု သေခင်းအမှတ်စဉ်(၄/၂၀၁၈)နဲ့ အမှု ဖွင့်စစ်ဆေးနေပါတယ်။